ဒါဝင် နူနက်ဇ်၊ စကီနီရာ၊ ပေါ တောရက်စ်၊ ပေါ့ဘာ၊ ဒါလော့တို့ နဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းများ

ပီအက်စ်ဂျီ အသင်းဟာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဒီဂျောင် ကို ခေါ်ယူဖို့ ဝင်ရောက် ကြိုးစားလာပါတယ်။ နယ်သာလန် လက်ရွေးစင် ကစားသမား ကို ဘာစီလိုနာက သင့်တော်တဲ့ ကမ်းလှမ်းမှု ရရင် ရောင်းချမှာပါ။

အင်တာမီလန်အသင်းရဲ့ ဗဟိုခံစစ်မှုး မီလန် စကီနီရာ ကို ပရီးမီးယားလိဂ်မှ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီးနဲ့ စပါး အသင်းတို့ အပြိုင် စိတ်ဝင်စားနောကပါတယ်။

ဥရောပ ကလပ်အသင်းတွေ တော်တော်များများ စိတ်ဝင်စားနေတဲ့ ဘင်ဖီကာ တိုက်စစ်မှုး ဒါဝင် နူနက်ဇ် ဟာ ယူနိုက်တက် ထံက ချဉ်းကပ်မှုကို ငြင်းဆန်ထားကြောင်း RMC Sport သတင်းက ဆိုပါတယ်။ ဥရုဂွေးသား တိုက်စစ်သမားဟာ နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချထားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဗီလာရီးရဲလ် ခံစစ်သမား ပေါ တောရက်စ် အတွက် ယူရို သန်း ၅ဝ (ပေါင် ၄၃ သန်း) ပေး ခေါ်ယူလိုနေကြောင်း စပိန် မာကာ သတင်းက ဆိုပါတယ်။ စပိန်လက်ရွေးစင် ကစားသမားကို သရဲနီတွေက ကာလရှည် ချိတ်ဆက်နေခဲ့တာ ဖြစ်ပြီး နည်းပြသစ် တန်ဟက် ပစ်မှတ်ထဲမှာလည်း ၎င်းက ဆက်လက် ပါဝင်နေပါတယ်။

ပေါ့ဘာ ဟာ မန်ချက်စတာ စီးတီးထံမှာ ချိတ်ဆက်မှုတွေ ရခဲ့ပေမယ့် ယူနိုက်တက်ရဲ့ မြို့ခံ ပြိုင်ဘက်အသင်းထံ ပြောင်းရွှေ့ပါက ဝေဖန်မှုတွေနဲ့ ငြိုငြင်မှုတွေ ခံရမှာကို မလိုလားတာကြောင့် ငြင်းဆန်ခဲ့တယ် လို့ သိရပါတယ်။

ဝမ်ဘစ်ဆာကာရဲ့ အနာဂတ်က မသေချာပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် တန်ဟက်ဟာ ဒါလော့ ကိုတော့ ဆက်လက် ထိန်းထားပြီး နေရာပေးသွားမယ် လို့ မန်ချက်စတာ ညနေခင်း သတင်းက ဆိုပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ယူနိုက်တက်ကနေ စာချုပ်ကုန်လို့ အလွတ်နဲ့ ထွက်ခွာလာမယ့် လင်ဂတ် ကို ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စားလာပါတယ်။