လီဗာပူးနဲ့ ယူနိုက်တက်တို့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် မိုနာကို ကြယ်ပွင့် ချူဝါမန်နီက ရီးရဲလ်မက်ဒရစ် အသင်းနဲ့ပဲ လက်မှတ်ထိုးဖို့ သဘောတူလိုက်ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
အာဆင်နယ်အသင်းဟာ အီဂျစ် လက်ရွေးစင် ကွင်းလယ်ကစားသမား အယ်နီနီ ကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သက်တမ်းတိုး စာချုပ်သစ်က ၂၀၂၃ ထိ ဖြစ်ပြီး နောက်ထပ် တစ်နှစ်တိုးခွင့်လည်း ထည့်သွင်းထားပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟက်ရဲ့ လာမယ့်ရာသီ ရည်မှန်းချက်ဟာ ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့လည်း ဖြစ်သလို ဦးဆုံး ပစ်မှတ်ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ရဖို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်သာ အန်ကတ်တီးယားကို ဆက်လက် ထိန်းမထားနိုင်ဘူး ဆိုရင် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒီနွေမှာ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီနွေမှာ နေမာ အတွက် သင့်တော်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရမယ် ဆိုရင် ရောင်းချသွားဖို့ ရှိနေပါတယ်။ ဘရာဇီးသားဟာ ပြင်သစ်ကလပ်နဲ့ လမ်းမခွဲလိုသေးပေမယ့် ပီအက်စ်ဂျီကတော့ ဈေးမှန်ရမယ် ဆိုရင် ရောင်းချမှာ ဖြစ်ပါတယ်။
နော်ဝေသား တိုက်စစ်မှုး အာလင်း ဟာလန်းဟာ မန်စီးတီးအသင်းဖော်သစ်တွေနဲ့ တွေ့ဆုံ နှုတ်ဆက်ဖို့ မန်ချက်စတာမြို့ သို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဂျူဗင်တပ် ဂန္တဝင် ကလော်ဒီယို မာချီစီရို က ၂၀၁၆ တုန်းက သူ ပေါ့ဘာကို မန်ချက်စတာ ယူနိုက်တက်ထံ မသွားဖို့ ပြောခဲ့သေးကြောင်းနဲ့ ပေါ့ဘာ ကစားသမားဘဝ လမ်းကြောင်းအတွက် မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်ကြောင်း သတိပေးခဲ့သေးတယ် လို့ ဖော်ထုတ်လိုက်ပါတယ်။
တော့တင်ဟမ် စပါးအသင်းဟာ ဒီနွေမှာ အသင်းကို အကူအညီ ဖြစ်နိုင်ဖို့ ပေါင် သန်း ၁၅ဝ ထည့်သွင်း ရင်းနှီးမြှုပ်နှံမယ် လို့ ကြေညာလိုက်ပါတယ်။ စပါးက နည်းပြ ကွန်တီကို ကစားသမားသစ် ခေါ်ယူဖို့ ထောက်ပံ့ ပေးတော့မှာ ဖြစ်ပါတယ်။
ချယ်ဆီး ပိုင်ရှင်သစ် တော့ဒ်ဘိုးလေက နည်းပြ တူချယ်ကို ဒီနွေ ကစားသမား ခေါ်ယူဖို့ အတွက် ဘတ်ဂျက် ပေါင် သန်း ၂ဝဝ ပေးမယ်လို့ သိရပါတယ်။
