ပြင်သစ်ကလပ်တွေ ဖြစ်တဲ့ လိုင်ယွန်နဲ့ မာဆေးအသင်းတို့ဟာ အာဆင်နယ် တိုက်စစ်သမား အန်ကတ်တီးရား ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြပါတယ်။ ဒါပေမယ့် ကစားသမားက အာဆင်နယ်မှာပဲ ဆက်ရှိနေဖို့ များတယ်လို့ သတင်း ထွက်ပေါ်နေတာပါ။
အာဆင်နယ်အသင်းဟာ အက်သလက်တီကို တိုက်စစ်မှုး မိုရာတာရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။ ချယ်ဆီး ကစားသမားဟောင်းလည်း ဖြစ်တဲ့ စပိန်သားဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်မှာ အငှားထွက် ကစားနေခဲ့တာပါ။
အာဆင်နယ် တိုက်စစ်မှုး လာကာဇက်ဟာ အသင်းဟောင်း လိုင်ယွန်အသင်းထံ ပြန် ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ အသက် ၃ဝ အရွယ် ကစားသမားဟာ လိုင်ယွန်အသင်း ဥက္ကဌ Jean-Michel Aulas နဲ့ ရင်းနှီးသူ ဖြစ်ပါတယ်။

နည်းပြ အာတီတာက အာဆင်နယ်သို့ ပြန်ခေါ်မယ်လို့ ထုတ်ဖော် ပြောဆိုထားသည့်တိုင် အငှားထွက် ကစားနေတဲ့ ဝီလီယံ ဆာလီဘာကတော့ မာဆေးကလပ်မှာပဲ ဆက်နေချင်တယ်လို့ တုန့်ပြန်ထားပါတယ်။
ဇာတိကလပ် ရီးရဲလ်ဘက်တစ်မှာ အငှား သွားရောက် ကစားနေတဲ့ ဟက်တာ ဘယ်လာရင်က စပိန်ကလပ် ကို နှုတ်ဆက်ခဲ့ပြီး ဖြစ်ကာ မိခင်ကလပ် အာဆင်နယ်အသင်းထံ ပြန်လာတော့မှာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အာဆင်နယ်နဲ့ အန်ကတ်တီးရား အခြေအနေကို စောင့်ကြည့်နေပြီး တကယ်လို့ သက်တမ်းတိုး သဘောတူညီမှု မရရင် ထပ်မံ ကြိုးစားမှာ ဖြစ်ပါတယ်။

လီဗာပူးကနေ ထွက်ခွာလာဖွယ် ရှိတဲ့ ဂန်းနားဟောင်း ချိန်ဘာလိန်ကို အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်း အသင်းတွေက ချိတ်ဆက်နေကြပါတယ်။
လက်စတာ ကွင်းလယ်ကစားသမား တိုင်လီမန်းစ်က အသင်းကနေ ဒီနွေ ထွက်ခွာဖို့ အလေးအနက် စဉ်းစားနေပြီး အာဆင်နယ်ကို ပြောင်းဖို့ပါ ထည့်သွင်း စဉ်းစားနေပါတယ်။
