ပေါတောရက်စ် ကို မီးစိမ်းပြခြင်း၊ ပြန်လာမယ့် မာရှယ် ရက်ဖို့ဒ်နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

အင်တာမီလန်အသင်းမှ အသက် ၂၃ နှစ် အရွယ် ဗဟိုခံစစ်မှုး အလက်ဆန်ဒရို ဘတ်စတိုနီ ကို မန်ယူနိုက်တက်နဲ့ အတူ တော့တင်ဟမ် စပါးအသင်းကလည်း အပြိုင် စောင့်ကြည့်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းနဲ့စာချုပ် ကုန်ပြီ ဖြစ်တဲ့ အသက် ၃၉ နှစ် အရွယ် ဂိုးသမားကြီး လီဂရန့်ကို ထွက်ခွာခွင့် ပေးလိုက်ပါပြီ။ ဂရန့်ကလည်း ဘောလုံးကစားခြင်းကပါ အနားယူလိုက်ပြီ ဖြစ်ပါတယ်။

နည်းပြသစ် အဲရစ်တန်ဟက်ဟာ ဒီနွေမှာ ဗီလာရီးရဲလ် ခံစစ်မှုး ပေါ တောရက်စ်ကို ခေါ်ယူဖို့ မီးစိမ်း ပြလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် စပိန်သား ဟာ ယူနိုက်တက် ခံစစ်ကို တိုးတက်စေနိုင်သူပါ။

ဒီရာသီ ယူနိုက်တက်နဲ့ အတူ ပထမဆုံး ကြုံရတဲ့ အပြောင်းအရွှေ့ ကာလမှ တန်ဟက်က ဗဟိုခံစစ်မှုးသစ် တစ်ယောက် အပြင် ကွင်းလယ် ဗဟို ခေါ်ယူဖို့ ဦးစားပေး သတ်မှတ်ထားပြီး တိုက်စစ်နဲ့ ညာစွန် ခံစစ်သမား တစ်ယောက်စီလည်း ခေါ်ယူလိုနေပါတယ်။

ဆီဗီလာ အသင်းကတော့ အငှား လာကစားနေတဲ့ ယူနိုက်တက် တိုက်စစ်မှုး အန်တိုနီ မာရှယ် ကို အပြီးသတ် ခေါ်ယူဖြစ်မှာ မဟုတ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။ ဒါကြောင့် မာရှယ်က မန်ချက်စတာ သို့ နောက်ရာသီ ပြန်လာမှာပါ။

တိုက်စစ်မှုး မားကပ်စ် ရက်ဖို့ဒ်ကလည်း ယူနိုက်တက်နဲ့ အတူ ဆက်နေဖို့ လိုလားနေပြီး မန်နေဂျာသစ် တန်ဟက်နဲ့ အတူ နောက်လထဲ အမေရိကန်မှာ လုပ်မယ့် ရာသီကြို ထရိန်နင်မှာ ပူးပေါင်းဖို့ စိတ်အားထက်သန်နေပါတယ်။

ဖရန်ကီ ဒီဂျောင်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အလေးအနက် ချိတ်ဆက်မှုတတွေ ရရှိနေပေမယ့် ဘာစီလိုနာ ပရိသတ်တွေ အား ” နောက်ရာသီ ပိုကောင်းတဲ့ ရာသီ ဖြစ်ဖို့ ကြိုးစားကြမယ်။ ” လို့ ပြောဆိုခဲ့တာကြောင့် စပိန်မှာပဲ ဆက်နေဖွယ် ရှိနေပါတယ်။

အဲရစ် တန်ဟက်ကတော့ သူ့ရဲ့ ယူနိုက်တက်နဲ့ ပထမ ရာသီမှာ ဆုဖလားတွ ယူဖို့ ရည်မှန်းချက် ထားမှာ ဖြစ်ပေမယ့် ဦးဆုံး ပစ်မှတ်က ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ရဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။