မန်ချက်စတာ ယူနိုက်တက် ဟာ ဝုဗ်ကြယ်ပွင့် ရူဘန် နီဗက်စ် ကို ပြန်လည် ကြိုးပမ်းဦးမှာ ဖြစ်ပါတယ်။ နီဗက်စ် ကို ပေါင် သန်း ၅ဝ လို့ ဈေးသတ်မှတ်ထားပြီး အစားထိုး ခေါ်ယူနိုင်မယ့် အခြေအနေ ကို စောင့်ကြည့်နေတာပါ။
လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင်မှာ မာနေးနဲ့ ဘိုင်ယန်မြူးနစ် တို့ အပြောင်း အရွှေ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အာရုံ မပြန့်လွင့်လိုဘူး လို့ ဆိုထားပါတယ်။
ပီအက်စ်ဂျီ ကြယ်ပွင့် လီယွန်နယ် မက်ဆီ က အသင်းဟောင်း ဘာစီလိုနာထံ ပြန်သွားဖို့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ကို ဆက်သွယ်နေပေမယ့် သူ့အကြောင်း ကို လူအများရှေ့ ထည့်ထည့် ပြောနေတဲ့ အပေါ် စိတ်ပျက် လာနေပါတယ်။
ဘင်ဖီကာ ကြယ်ပွင့် တိုက်စစ်မှုး ဒါဝင် နူနက်ဇ် အတွက် တန်ကြေးကို ပေါင် သန်း ၁ဝဝ လို့ အကြောင်း ပြန်လိုက်တာကြောင့် သရဲနီတွေက စိတ်ပျက်နေပြီ ဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အက်စတွန်ဗီလာအသင်းဟာ အက်သလက်တီကို မက်ဒရစ်ကနေ အလွတ်နဲ့ ထွက်ခွာလာတဲ့ တိုက်စစ်မှုး လူးဝစ် ဆွာရက်စ် ကို ခေါ်ယူဖို့ မေးမြန်းနေပါတယ်။ နည်းပြ စတီဗင် ဂျရတ်ဟာ လီဗာပူးတိုက်စစ်မှုးဟောင်းကို ပြန်လည် လက်တွဲလို နေပါတယ်။
ပီအက်စ်ဂျီက နေမာကို ဒီနွေမှာ ရောင်းချဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဘရာဇီးသား ကို ပီအက်စ်ဂျီက ပေါင် သန်း ၂ဝဝ နဲ့ ထိုစဉ်က စံချိန်တင်ကြေး ပေးကာ ခေါ်ယူထားခဲ့ပေမယ့် နေမာက ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပါတယ်။
ဆီဗီလာက ဂျူးလပ်စ် ကွန်ဒဲ အတွက် ပေါင် ၅၅ သန်းထက် လျော့နည်းတဲ့ ကမ်းလှမ်းမှုတွေ လက်ခံ စဉ်းစားသွားမှာ မဟုတ်ပါဘူး။ အသက် ၂၃ နှစ် အရွယ် ပြင်သစ် ခံစစ်မှုးကို ချယ်ဆီးက တောက်လျောက် ချိတ်ဆက်နေပါတယ်။
