မေဆန်မောင့်နဲ့ သူနဲ့ တူညီနေတဲ့ အချက် လမ်းပတ် ကိုယ်တိုင် ထုတ်ဖော် ပြောဆိုလာ

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က သူ့ရဲ့ တပည့်ရင်း ကွင်းလယ် ကစားသမား မေဆန်မောင့်ဟာ သူနဲ့ ဆင်တူနေတဲ့ အချက်တွေ ရှိပြီး အဲဒီထဲကမှ ကွက်တိ တူညီနေတဲ့ အချက်အကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။ လမ်းပတ်က မောင့်ဟာ သူ အားထားရတဲ့ အသင်းသား ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လက်စတာနဲ့ အက်ဖ်အေဖလား ပွဲမှာ ပွဲချိန်တဝက်မှာပဲ မောင့်ကို လူစားလဲခဲ့ပြီး ကစားသမားဟာ ကျေနပ်ပျော်ရွှင်ပုံ မရခဲ့ပါဘူး။ ဒီအနေအထားကို လမ်းပတ်က နားလည်သဘောပေါက်ကြောင်းနဲ့ သူ ဆိုရင်လည်း မောင့်လိုပဲ ဖြစ်မယ်လို့ ဆိုခဲ့တာပါ။

” ကျနော်က မေဆန်မောင့်ကို တော်တော် အားထားပါတယ်။ ဒါဘီမှာတုန်းက သူ့ကို အားကိုးရသလို ချယ်ဆီးမှာလည်း ဒီလိုပါပဲ။ သူက အသင်း အတွက် ကောင်းတဲ့ အရာတွေ အများကြီး ယူဆောင်ပေးနိုင်တယ်။ သူ့ရဲ့ အလုပ် အပေါ်ထားတဲ့ သဘောထား၊ ကွင်းလယ်မှာ ဖိအားပေး ကစားတာ၊ ဘောလုံးနဲ့ အတူ ကောင်းမွန်စွာ ရွေ့လျားနိုင်တာ ဒါတွေက လုံး၀ အဆင့်မြင့်တဲ့ လယ်ဗယ်မှာ ရှိတယ်။

မေဆန်မောင့်က ပွဲချိန်ဝက်မှာ အခုလို ထွက်လာရတာကို ပျော်ရွှင်မှာ မဟုတ်ပါဘူး ဒါကို ကျနော် ကောင်းကောင်း သိပါတယ်။ ဘာလို့လဲ ဆိုတော့ သူနဲ့ ကျနော်က တော်တော် တူတာကိုး။ ဒါပေမယ့် ဒီလို အခြေအနေမျိုးမှာ သူလည်း မပျော်ရွှင်နေသင့်ပါဘူး။ ခဏနေရင် ပြန် အဆင်ပြေသွားမှာပါ။

သူ့ကို ကျနော် ဘယ်လောက် ယုံကြည် အားထားတယ် ဆိုတာ သူ ကောင်းကောင်းသိတယ်။ သူကလည်း နေ့တိုင်းကို အစွမ်းပြနေတဲ့ ကစားသမား ဖြစ်တယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးရဲ့ ဒီရာသီ ထူးချွန်တဲ့ အသင်းသားတွေထဲ အသက် ၂၁ နှစ် အရွယ် အင်္ဂလန်သား ကွင်းလယ် ကစားသမား မောင့်လည်း ပါဝင်ပါတယ်။ မောင့်နဲ့ လမ်းပတ်တို့ဟာ ချန်ပီယံရှစ်ကလပ် ဒါဘီမှာတည်းက အတူ အလုပ်လုပ်ဖူးသူ ဖြစ်ပြီး လမ်းပတ် အားထားခဲ့ရတဲ့ ကစားသမား ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က သူ႔ရဲ႕ တပည့္ရင္း ကြင္းလယ္ ကစားသမား ေမဆန္ေမာင့္ဟာ သူနဲ႕ ဆင္တူေနတဲ့ အခ်က္ေတြ ရွိျပီး အဲဒီထဲကမွ ကြက္တိ တူညီေနတဲ့ အခ်က္အေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။ လမ္းပတ္က ေမာင့္ဟာ သူ အားထားရတဲ့ အသင္းသား ျဖစ္တယ္လို႔လည္း ဆိုခဲ့ပါတယ္။

တနဂၤေႏြေန႔က ကစားခဲ့တဲ့ လက္စတာနဲ႕ အက္ဖ္ေအဖလား ပြဲမွာ ပြဲခ်ိန္တ၀က္မွာပဲ ေမာင့္ကို လူစားလဲခဲ့ျပီး ကစားသမားဟာ ေက်နပ္ေပ်ာ္ရႊင္ပံု မရခဲ့ပါဘူး။ ဒီအေနအထားကို လမ္းပတ္က နားလည္သေဘာေပါက္ေၾကာင္းနဲ႕ သူ ဆိုရင္လည္း ေမာင့္လိုပဲ ျဖစ္မယ္လို႔ ဆိုခဲ့တာပါ။

” က်ေနာ္က ေမဆန္ေမာင့္ကို ေတာ္ေတာ္ အားထားပါတယ္။ ဒါဘီမွာတုန္းက သူ႔ကို အားကိုးရသလို ခ်ယ္ဆီးမွာလည္း ဒီလိုပါပဲ။ သူက အသင္း အတြက္ ေကာင္းတဲ့ အရာေတြ အမ်ားၾကီး ယူေဆာင္ေပးနုိင္တယ္။ သူ႔ရဲ႕ အလုပ္ အေပၚထားတဲ့ သေဘာထား၊ ကြင္းလယ္မွာ ဖိအားေပး ကစားတာ၊ ေဘာလံုးနဲ႕ အတူ ေကာင္းမြန္စြာ ေရြ႕လ်ားနုိင္တာ ဒါေတြက လံုး၀ အဆင့္ျမင့္တဲ့ လယ္ဗယ္မွာ ရွိတယ္။

ေမဆန္ေမာင့္က ပြဲခ်ိန္၀က္မွာ အခုလို ထြက္လာရတာကို ေပ်ာ္ရႊင္မွာ မဟုတ္ပါဘူး ဒါကို က်ေနာ္ ေကာင္းေကာင္း သိပါတယ္။ ဘာလို႔လဲ ဆိုေတာ့ သူနဲ႕ က်ေနာ္က ေတာ္ေတာ္ တူတာကိုး။ ဒါေပမယ့္ ဒီလို အေျခအေနမ်ိဳးမွာ သူလည္း မေပ်ာ္ရႊင္ေနသင့္ပါဘူး။ ခဏေနရင္ ျပန္ အဆင္ေျပသြားမွာပါ။

သူ႔ကို က်ေနာ္ ဘယ္ေလာက္ ယံုၾကည္ အားထားတယ္ ဆိုတာ သူ ေကာင္းေကာင္းသိတယ္။ သူကလည္း ေန႔တိုင္းကို အစြမ္းျပေနတဲ့ ကစားသမား ျဖစ္တယ္။ ” လုိ႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးရဲ႕ ဒီရာသီ ထူးခၽြန္တဲ့ အသင္းသားေတြထဲ အသက္ ၂၁ နွစ္ အရြယ္ အဂၤလန္သား ကြင္းလယ္ ကစားသမား ေမာင့္လည္း ပါ၀င္ပါတယ္။ ေမာင့္နဲ႕ လမ္းပတ္တို႔ဟာ ခ်န္ပီယံရွစ္ကလပ္ ဒါဘီမွာတည္းက အတူ အလုပ္လုပ္ဖူးသူ ျဖစ္ျပီး လမ္းပတ္ အားထားခဲ့ရတဲ့ ကစားသမား ျဖစ္ပါတယ္။