လီဝန်ဒေါစကီး၊ အင်တာပြန်ချင်သူ လူကာကူ၊ မော်ရင်ညို ပီအက်စ်ဂျီနဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေ အပြောင်းအရွှေ့မှာ အသုံးစရိတ် ပေါင် သန်း ၃၅ဝ ထိ လူသစ်တွေ ဝယ်ယူဖို့ သုံးနိုင်စွမ်း ရှိနေကြောင်း သိရပါတယ်။ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့လို့ ရီးရဲလ်တို့ အမြတ်အစွန်း ရခဲ့တဲ့ အပြင် အသင်းရဲ့ လုပ်ခမြင့် ကစားသမား တချို့ ထွက်ခွာတာကြောင့်လည်း ငွေပိုထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မှာ ဆက်နေဖို့ သဘောတူညီမှု မရနိုင်တဲ့ လီဝန်ဒေါစကီး ဟာ ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ များနေပြီ ဖြစ်ပါတယ်။ ၎င်းက ဘာစီလိုနာနဲ့ နှုတ်အားဖြင့် သဘောတူညီမှုလည်း ရရှိထားပါတယ်။

ရိုးမားနည်းပြ မော်ရင်ညို ကို ပီအက်စ်ဂျီ အသင်းက ပိုချက်တီနို နေရာ အစားထိုးစေဖို့ အလေးအနက် ထည့်သွင်း စဉ်းစားနေပြီ ဖြစ်ပါတယ်။ ပိုချက်တီနိုနဲ့ ပီအက်စ်ဂျီ စာချုပ်က ၂၀၂၃ နွေထိ ရှိနေပေမယ့် ဆက်နေဖို့ မရေရာ ဖြစ်နေတာပါ။

ချယ်ဆီး တိုက်စစ်မှုး လူကာကူက အသင်းဟောင်း အင်တာမီလန်သို့ ပြန်သွားချင်နေပြီး ကလပ်နှစ်သင်းကြား သဘောတူညီမှု ရနိုင်ဖို့ မျှော်လင့်နေပါတယ်။

နယူးကာဆယ်အသင်းဟာ ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန်ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ကစားသမားက မီးစိမ်းပြထားပြီ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ဆက်လက် ဆွေးနွေးနေကာ နယူးကာဆယ်က ပေါင် သန်း ၂ဝ အောက် တန်ကြေးသာ ပေးအပ်လိုပါတယ်။

လီဗာပူးတိုက်စစ်မှုး ဆာဒီယို မာနေးက သူ့ကို ဆီနီဂေါသား အများစုက လီဗာပူးကနေ ထွက်ခွာစေလိုကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ မာနေး က ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီ ဖြစ်ပါတယ်။

ဆာ့ချ် ဂနာဘီကတော့ ၂၀၂၃ နွေမှာ စာချုပ်ကုန်ဆုံးမှာ ဖြစ်သည့်တိုင် ဘိုင်ယန်မြူးနစ်မှာပဲ ဆက်လက် ရှိလိုနေပါတယ်။ ဒါပေမယ့် ဂနာဘီက ဘိုင်ယန်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချထားပြီး ၎င်းကို ပရီးမီးယားလိ၈် ကလပ်တွေက စိတ်ဝင်စားမှု ရှိနေပါတယ်။

တန်းတက်လာတဲ့ နော့တင်ဟမ် ဖောရက်စ် အသင်းဟာ ချယ်ဆီး လူငယ်ကြယ်ပွင့် ဘရိုဂျာ ကို ခေါ်ယူဖို့ ချိတ်ဆက် လာပါတယ်။ အသက် ၂ဝ အရွယ် ကစားသမားက ဒီနွေမှာ ချယ်ဆီးကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာပါ။