ဘေးလ်နဲ့ စပါး၊ ပီအက်စ်ဂျီနဲ့ မက်ဒရစ်အသင်းတွေ လိုက်နေတဲ့ ကွင်းလယ်နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ဂါရတ်ဘေးလ်က ဒီနွေမှာ ရီးရဲလ်မက်ဒရစ်ကနေ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာလာပြီ ဖြစ်ပြီး အလွတ်နဲ့ ခေါ်နိုင်မှာ ဖြစ်ပေမယ့် ၎င်းအသင်းဟောင်း တော့တင်ဟမ် စပါးအသင်းကတော့ ပြန်ခေါ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အသက် ၃၂ နှစ် အရွယ် ဝေးစ် တောင်ပံသမားကို ကာဒစ်ဖ် စီးတီးက ရဖို့ ရေပန်းစားနေပြီး မေဂျာလိဂ်ဘက် ပြောင်းရွှေ့တာလည်း ဖြစ်နိုင်နေပါတယ်။

ဘာစီလိုနာအသင်းက ဒီဂျောင် ကို ဈေးမှန်နဲ့ ကမ်းလှမ်းမှု ရရှိပါက ဒီနွေမှာ ရောင်းချမှာ ဖြစ်တယ်လို့ သိရပြီး လက်ရှိမှာ ဒီဂျောင်ကို ခေါ်နိုင်ဖို့ မန်ချက်စတာ ယူနိုက်တက်က အခြေအနေ ကောင်းနေပါတယ်။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက သတင်းတွေ အရသာ ဆိုရင် အပတ်တိုင်း သူက ထုတ်ပယ်ခံရတဲ့ နည်းပြ ဖြစ်နေပြီ လို့ ပြောဆိုလိုက်ပြီး ဘုတ်အဖွဲ့က သူ့ကို အပြည့်အဝ ထောက်ခံမှု ရှိကြောင်း ဆိုလိုက်ပါတယ်။

စပါးအသင်းသား Bergwijn ကို ခေါ်ယူဖို့ ဘရိုက်တန်နဲ့ ခရစ္စတယ် ပဲလေ့စ်အသင်း တို့က စိတ်ဝင်စားနေပေမယ့် နယ်သာလန်သားက အေဂျက်သို့ ပြောင်းရွှေ့ဖို့ များနေပါတယ်။

ရိုးမားအသင်းဟာ ဇန်နီယိုလို အတွက် တန်ကြေး အဖြစ် ယူရို ၆၅ သန်းလို့ ဈေးသတ်မှတ်လိုက်ပါတယ်။ ၎င်းကို အေစီမီလန်၊ အင်တာနဲ့ ဂျူဗင်တပ်အသင်းတို့က ချိတ်ဆက်နေပါတယ်။

ရေးနက်စ် ကွင်းလယ် ကစားသမား လိုဗရို မာဂျာ ကို ပီအက်စ်ဂျီ အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့နွေကမှ ရေးနက်စ် ရောက်လာခဲ့သူ ဖြစ်ပြီး ၎င်းကို ရီးရဲလ်၊ အက်သလက်တီကိုနဲ့ လိုက်ပ်ဇစ်အသင်းတို့ကပါ ချိတ်ဆက်နေပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ချယ်ဆီး တိုက်စစ်မှုးလေး ဘရိုဂျာ ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘရိုဂျာဟာ ဆောက်သမ်တန်မှာ အငှားထွက် ကစားရင်း ခြေစွမ်းပြခဲ့သူပါ။