နူညက်ဇ်ကို စံချိန်တင်ကြေး ပေးခေါ်မယ့် လီဗာပူး၊ အကြံပျက်တဲ့ လူကာကူနဲ့ ညနေခင်း အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ သတင်းတွေ ကြီးလာနေတဲ့ သူတို့ရဲ့ တိုက်စစ် ကြယ်ပွင့် ဆာကာကို ဒီနွေ အားလပ်ရက် ပြီးရင် သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

ချယ်ဆီးတိုက်စစ်မှုး လူကာကူက ဒီနွေမှာ သူ့ခြေစွမ်းကို ထုတ်ဖော် ပြသပြီး အသင်းပြောင်းနိုင်ဖို့ ရည်ရွယ်နေပေမယ့် ခြေကျင်းဝတ် ဒဏ်ရာ ရသွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မာနေးကို လက်လွှတ်ရဖွယ် ရှိတာကြောင့် ဘင်ဖီကာ တိုက်စစ်မှုး ဒါဝင် နူညက်ဇ် ကို ကလပ် စံချိန်တင်ကြေး ပေါင် ၈၅ သန်း သုံးကာ ခေါ်ယူတော့မယ်လို့ ဒေးလီးမေးလ် သတင်းက ဖော်ပြလာပါတယ်။ နူညက်ဇ် ကို ယူနိုက်တက်ကလည်း ပစ်မှတ်ထားနေတာပါ။

လက်စတာ ကွင်းလယ်ကစားသမား တိုင်လီမန်းစ်ကတော့ ဒီနွေမှာ အသင်းပြောင်းနိုင်ကြောင်း ပထမဆုံး အကြိမ် ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ်။ ၎င်းကို အာဆင်နယ်က အလေးအနက် ချိတ်ဆက်နေတာပါ။

ချယ်ဆီး ပိုင်ရှင်သစ် တော့ဒ် ဘိုးလေက သူ့ရဲ့ ပိုင်ရှင်သစ် ဘဝ ပထမဆုံးအကြိမ် လူလုံးပြမှု အဖြစ် လာမယ့် ကြာသပတေးနေ့ ပရီးမီးယားလိဂ် အစည်းအဝေးသို့ တက်ရောက်လာတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကင်းထောက်တွေက ဒီနွေ ပစ်မှတ် အဖြစ် တနင်္လာနေ့က ဒိန်းမတ်ရဲ့ သြစတြီးယားနဲ့ ပွဲကို သွားရောက်ကြည့်ရှုပြီး ခရစ္စတီယန် အဲရစ်ဆန်နဲ့ လေမာတို့ကို လေ့လာခဲ့ကြပါတယ်။

ချယ်ဆီးနည်းပြ သောမတ်စ် တူချယ်က အသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေကို သူ ဦးဆောင်နိုင်ကြောင်း အသင်း ပိုင်ရှင်သစ်တွေအား ကတိစကား ပေးခဲ့တယ်လို့ သိရပါတယ်။ ၎င်းတို့က မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ လမ်းကြောင်း အတိုင်း သွားလိုနေတာပါ။

လီဗာပူးအသင်းဟာ အဒါဘင်းအသင်းမှ ဆယ်ကျော်သက်လူငယ်လေး ကယ်ဗင် ရမ်ဆေးကို ခေါ်ယူရေး အပြီးသတ်ဖို့မှာ ပြသနာ ဝင်လာစရာ မရှိတော့ဘူးလို့ ယုံကြည်နေပါတယ်။

အင်္ဂလန် ခံစစ်မှုး ဖီကာယို တိုမိုရီက ဘောလုံးရာသီ မစတင်ခင်မှာ အေစီမီလန်အသင်းနဲ့ပဲ လုပ်ခလစာတိုးမြှင့်ထားတဲ့ စာချုပ်သစ် တစ်ရပ် သဘောတူ ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။

ဂါရတ်ဘေးလ်က သူ့ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံပြီး အနာဂတ် ကိစ္စ ဆွေးနွေးမှုများ စတင်တော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဗန်ပါစီ ကတော့ အဲရစ် တန်ဟက် အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ထက် ပိုကောင်းတဲ့ အသင်း ကိုင်တွယ်စရာ တွေ့နိုင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုကာ အသင်းဟောင်းကို ဂုဏ်တင် လိုက်ပါတယ်။