လီဗာပူး ကွင်းလယ်တိုက်စစ်သမား တာကုမိ မီနာမီနို ကို ခေါ်ယူဖို့ ဝုဗ်အသင်းက အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။ ဂျပန်လက်ရွေးစင် ကစားသမားကို ဖူလ်ဟမ်နဲ့ လိဒ်စ် ယူနိုက်တက် ကလည်း ကြိုးစားနေပါတယ်။
ချယ်ဆီး ကစားသမား မားကို့စ် အလွန်ဆို ကို ခေါ်ယူဖို့ ဘာစီလိုနာက အပြီးသတ်ရန် ကြိုးစားနေပါတယ်။ အလွန်ဆို အပြင် ကွီတာကိုလည်း ဘာစီလိုနာက ကြိုးစားနေပြီး ချယ်ဆီးအသင်းခေါင်းဆောင်ထံက အဖြေကို စောင့်မျှော်နေပါတယ်။
ယူနိုက်တက်ဟာ ဘာစီလိုနာ ကစားသမား ဒီဂျောင် အတွက် ပေါင် သန်း ၆ဝ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန် ပယ်ချခံခဲ့ရပါတယ်။ ဘာစီလိုနာက ပိုကောင်းတဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့သာ အကြောင်းပြန်ခဲ့ပါတယ်။

စပါးအသင်းဟာ မစ်ဒယ်ဘရော့ ညာစွန်ခံစစ်သမား Djed Spence ကို ခေါ်နိုင်ဖို့ အလွန် နီးစပ်နေပြီ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သားကို စပါး က ပေါင် သန်း ၂ဝ နဲ့ သဘောတူညီမှု ရရှိတော့မယ် လို့ စကိုင်းစပေါ့ သတင်းက ဆိုပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းမှာ ဂျူ့ဒ် ဘယ်လင်ဟမ် က ထိပ်ဆုံးက ပါဝင်နေပေမယ့် နောက်နှစ် နွေကျမှ လှုပ်ရှားမှာ ဖြစ်တယ်လို့ The Athletic သတင်းဌာနက ဆိုပါတယ်။
ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ နော့တင်ဟမ် ဖောရက်စ် ဟာ အာဆင်နယ် ကွင်းလယ်သမား မစ်လန်းနိုင်းစ် အား ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
