ပီအက်စ်ဂျီက မခွာတော့မယ့် နေမာ၊ အသင်းသစ် ရှာနေတဲ့ ဒန်နီ အဲဗက်စ်၊ ဆာလာ စာချုပ်သစ်နဲ့ နံနက်ခင်း သတင်းများ

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဘာစီလိုနာသို့ ပြန်လာခဲ့တဲ့ ဒန်နီ အဲလ်ဗက်စ်ဟာ စာချုပ်ကုန်သွားပြီ ဖြစ်လို့ ဖရီးအေးဂျင့် ကစားသမား ဖြစ်သွားပါပြီ။ အသက် ၃၉ နှစ် အရွယ် ဘရာဇီးသားဟာ ကာတာ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့် ရဖို့ ပစ်မှတ်ထားနေတာကြောင့် ထိပ်တန်းအဆင့်မှာ ဆက်လက် ကစားလိုနေပြီး ၎င်းကို ခေါ်ယူနိုင်ဖို့ စီးရီးအေကလပ် Athletico Paranaense က ရေပန်းစားနေပါတယ်။

လီဗာပူးအသင်းဟာ အားထားရတဲ့ တိုက်စစ်မှုး မိုဆာလာ ကို ၂၀၂၅ ထိ အသင်းမှာ ဆက်ရှိစေမယ့် ၃ နှစ် သက်တမ်းတိုး စာချုပ် တစ်ရပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ စာချုပ်သစ်မှာ ဆာလာက လစာ တစ်ပတ် ၃သိန်းခွဲ ထိ ရလာမှာပါ။

ချယ်ဆီးအသင်းရဲ့ ဟာကင် ဇီယက်ချ်ကို ခေါ်ယူဖို့ အေစီမီလန် အသင်းက စတင်လှုပ်ရှားနေပြီ ဖြစ်ကြောင်း စကိုင်းစပေါ့ သတင်းက ဆိုပါတယ်။

ဖူလ်ဟမ်အသင်းဟာ စပို့တင်းလစ္စဘွန်းမှ ကွင်းလယ်ခံစစ်သမား Joao Palhinha ကို ပေါင် ၁၇ သန်းနဲ့ ခေါ်ယူမှု အပြီးသတ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ဟာ ကစားသမားရဲ့ အေးဂျင့်တွေကြား ကော်မရှင် ခ ခွဲဝေမှု မကျေလည်တာကြောင့် ကြန့်ကြာနေခဲ့တာပါ။

ချယ်ဆီး ချိတ်ဆက်နေတဲ့ ဘရာဇီး တိုက်စစ်သမား နေမာ ကတော့ ပီအက်စ်ဂျီ အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကာ အသင်းနဲ့ လက်ရှိစာချုပ်က သက်တမ်း ထပ်တိုးခွင့်ကို အသက်သွင်းလိုက်ပြီ ဖြစ်ပြီး ၂၀၂၇ ထိ စာချုပ်သက်တမ်း တိုးသွားခဲ့ပြီ ဖြစ်ပါတယ်။