Arsenal Transfer: ဒိုင်ဘားလား၊ မာတီနက်ဇ်၊ ဂနာဘီတို့နဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်က မန်စီးတီး ကနေ တိုက်စစ်မှုး ဂျေးဆု ကို ခေါ်ယူနိုင်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြု တရားဝင် ကြေညာတော့မှာ ဖြစ်တဲ့ အပြင် နောက်ထပ် ကြိုးစားနေတဲ့ ပစ်မှတ် ကစားသမားတွေ သတင်းတွေ ရှိနေသေးတာကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ဒိုင်ဘားလား

အီတလီ သတင်းဌာနတွေ အဆိုအရ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ဒိုင်ဘာလားရဲ့ အေးဂျင့် ဖြစ်သူနဲ့ ဆက်သွယ်ထားကြောင်း သိရပါတယ်။ ဒီနွေမှာ အလွတ်နဲ့ ရနိုင်မယ့် နာမည်ကြီး ကြယ်ပွင့်ကို အင်တာမီလန် ကလည်း ချိတ်ဆက်နေပါတယ်။

လီဆန်ဒရို မာတီနက်ဇ်

မာတီနက်ဇ် အတွက် ကြိုးပမ်းမှုမှာလည်း အာဆင်နယ်ရဲ့ ပြိုင်ဘက် က မန်ချက်စတာ ယူနိုက်တက် ဖြစ်နေပါတယ်။ အေဂျက် ကစားသမားကို အာတီတာက အထင်ကြီး သဘောကျတာကြောင့် အပြောင်းအရွှေ့ကို အမြန် အပြီးသတ် လိုပေမယ့် ယူနိုက်တက် ဝင်ရှုပ်နေတာကြောင့် ကြံ့ကြာနေပါတယ်။

ဆာ့ချ် ဂနာဘီ

လိဒ်စ်မှ ရာဖင်ဟာ ကို ခေါ်ယူဖို့ အာဆင်နယ်တို့ မဖြစ်နိုင်သလောက် ရှိသွားချိန်မှာ ဆာ့ချ် ဂနာဘီကို ခေါ်ယူဖို့ လှုပ်ရှား လာမယ် လို့ သတင်းဌာနတွေက ဖော်ပြလာကြပါပြီ။ ဂန်းနားဟောင်း တစ်ဦး ဖြစ်တဲ့ ဂနာဘီက ဘိုင်ယန်နဲ့ သက်တမ်းတိုး စာချုပ်ကို ငြင်းဆိုထားတာကြောင့် ဥရောပကလပ်တွေက ချိတ်ဆက်နေကြပါတယ်။

နာမည်ကြီး သတင်းထောက် ရိုမန်နို ကတော့ အာဆင်နယ် က ဂနာဘီကို ထည့်သွင်း စဉ်းစားနိုင်ပေမယ့် အခြား ပစ်မှတ်တွေကို အာရုံစိုက်နေတယ် လို့ ပဲ ဆိုပါတယ်။