ယူနိုက်တက်ဟာ တော့တင်ဟမ် စပါး တိုက်စစ်သမား Steven Bergwijn အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်း ပေးဖို့ အသင့် ရှိနေပေမယ့် ကစားသမားကတော့ အေဂျက်အသင်းထံ ပြောင်းရွှေ့ဖို့သာ ရွေးချယ်ခဲ့ပြီလို့ သိရပါတယ်။
အင်တာမီလန် အစွန်ခံစစ်သမား ဒမ်ဖရိုင်းစ်က ယူနိုက်တက်ထံ ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း အီတလီ သတင်းတွေမှာ ဖော်ပြလာပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမားကို ဘိုင်ယန်မြူးနစ်ကလည်း ချိတ်ဆက်နေပြီး ၎င်းက အင်တာနဲ့ ၂၀၂၅ ထိ စာချုပ် ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒိန်းမတ်လက်ရွေးစင်ဟောင်း ကွင်းလယ်သမား ခရစ္စတီယန် အဲရစ်ဆန် ကို ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ နှလုံးထိထားဖူးတဲ့ အဲရစ်ဆန် အနေနဲ့ အပြောင်းအရွှေ့ ဖြစ်ဖို့ ဆေးစစ်မှု အောင်မြင်ရန်တော့ လိုအပ်ပါတယ

ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ဟာ ဒီဂျောင် အတွက် အခြေခံ ပြောင်းရွှေ့ကြေး ယူရို ၆၅ သန်း သဘောတူညီမှု ရထားပြီ ဖြစ်ပြီး ထပ်ဆောင်းကြေး ယူရို သန်း ၂ဝ အတွက် အချက်အလက်တွေကို ဆက်လက် ဆွေးနွေးနေကြောင်း သတင်းထောက် ရိုမန်နိုက ဆို ပါတယ်။ ဒီဂျောင် ကတော့ ဘာစီလိုနာမှာ ဆက်နေဖို့သာ ဦးစားပေးလိုနေပြီး လက်ရှိ လစာကနေ လျှော့ယူဖို့တော့ မလိုလားဘဲ ရှိနေပါတယ်။
ယူနိုက်တက်ဟာ အဲရစ်ဆန်နဲ့ ၂၀၂၅ ထိ သက်တမ်းရှိမယ့် ၃ နှစ် စာချုပ် ချုပ်ဆိုမှာ ဖြစ်ပြီး ဒိန်းမတ်သားဟာ တစ်ပတ် လုပ်ခက ပေါင် ၁သိန်းခွဲ ရရှိမှာ ဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုက သူ့အတွက် ကမ်းလှမ်းမှု ရှိရင် ထွက်ခွင့်ပေးဖို့ တောင်းဆိုလိုက်ပြီးတဲ့နောက် နည်းပြ တန်ဟက်က အေဂျက်မှ ပေါင် သန်း ၇ဝ တန် တိုက်စစ်သမား အန်တိုနီကို ရော်နယ်ဒို နေရာ အစားထိုးဖို့ ခေါ်ယူပေးရန် ဘုတ်အဖွဲ့အား တောင်းဆိုထားပါတယ်။
ရော်နယ်ဒိုကို ယူနိုက်တက်က ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုထားပေမယ့် ပေါ်တူဂီ ကြယ်ပွင့်ဟာ မိသားစုကိစ္စ အကြောင်းပြကာ အသင်းရဲ့ ရာသီကြို ထရိန်နင်ကို လာရောက် ပူးပေါင်းဖို့လည်း ပျက်ကွက်နေပါတယ်။
ယူနိုက်တက် အဓိက ပစ်မှတ် ဘာစီလိုနာ ကွင်းလယ်သမား ဒီဂျောင်ဟာ မန်ချက်စတာ မှာ အိမ်ရှာနေပြီး နည်းပြဟောင်း ဆိုးရှားရဲ့ အိမ်ကို မေးမြန်းနေတယ်လို့ သိရပါတယ်။ ဆိုးရှားရဲ့ အိမ်ကို မန်စီးတီး တိုက်စစ်မှုးသစ် ဟာလန်းကလည်း အလိုရှိနေပါတယ်။
