ရာဟင်းစတားလင်းဟာ ကလပ်အသင်းသစ် ချယ်ဆီးရဲ့ ရာသီကြို ခရီးစဉ်ကို လိုက်ပါဖို့ အတွက် သူ့ရဲ့ ဆေးစစ် ရလဒ်ကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။ အင်္ဂလန်သား တောင်ပံကစားသမားဟာ မန်စီးတီးကနေ ပေါင် သန်း ၅ဝ နဲ့ ပြောင်းရွှေ့မှာပါ။
ပြင်သစ်တောင်ပံတိုက်စစ်သမား ဒမ်ဘီလီဟာ ဒီနွေမှာ စာချုပ်ကုန်ခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ပဲ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီလိုက်ပြီး လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။ ဒမ်ဘီလီကို ချယ်ဆီးက ချိန်ရွယ်ခဲ့ပေမယ့် ပြင်သစ်သားက နူးကမ့်မှာ ဆက်နေဖို့ပဲ ရွေးချယ်ခဲ့တာပါ။
ဒိန်းမတ်လက်ရွေးစင်ဟောင်း ခရစ္စတီယန် အဲရစ်ဆန်ဟာ ယူနိုက်တက်ရဲ့ ဒီနွေ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်လာမှာ ဖြစ်ပြီး ဒီတပတ်ထဲမှာ ဆေးစစ်မှု ခံယူဖို့ စီစဉ်ထားပြီ လို့ မန်ချက်စတာ ညနေခင်း သတင်းက ဆိုပါတယ်။

အာဆင်နယ်က ဘင်ဖီကာ ဘယ်စွန်ခံစစ်သမား အဲလက်စ် ဂရီမာဒို ကို ပေါင် ၅.၉ သန်းနဲ့ ကမ်းလှမ်းဖို့ ချဉ်းကပ်နေပါတယ်။ ၎င်းကို လိုင်ယွန်ကလည်း ခေါ်ဖို့ ပစ်မှတ်ထားနေတာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား Leandro Paredes ကို ချိတ်ဆက်နေပေမယ့် ၎င်းအတွက် ပီအက်စ်ဂျီ တောင်းဆိုထားတဲ့ တန်ကြေး ယူရို ၃၅ သန်း ကို ပေးဖို့တော့ သဘောမတူနိုင်တာကြောင့် ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။
နောဝစ်ချ်စီးတီးအသင်းဟာ ဆာပေါ်လိုမှ ကွင်းလယ် ကစားသမား ဂါဘရီရယ် ဆာရာ ကို ကလပ်စံချိန်တင်ကြေး ပေါင် ၁၁.၅ သန်း သုံးကာ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
