နီဗက်စ်နဲ့ တိုင်လီမန်းစ်တို့ဘက် ဦးလှည့်ခြင်း၊ အသင်းခေါင်းဆောင် မက်ဂွဲရား၊ ပါရီဒက်စ်နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ကတော့ လာမယ့်ရာသီမှာ ဟယ်ရီ မက်ဂွဲရားကပဲ အသင်းခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ယူမယ်လို့ အတည်ပြု သွားခဲ့ပါတယ်။

ဒိန်းမတ် လက်ရွေးစင်ဟောင်း ခရစ္စတီယန် အဲရစ်ဆန်ဟာ ယူနိုက်တက်ရဲ့ ဒီနွေ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်လာမှာ ဖြစ်ပြီး ဒီတပတ်ထဲမှာ ဆေးစစ်မှု ခံယူဖို့ စီစဉ်ထားပြီ လို့ မန်ချက်စတာ ညနေခင်း သတင်းက ဆိုပါတယ်။

ဘာစီလိုနာ ကွင်းလယ်ကြယ်ပွင့် ဒီဂျောင် ကို ခေါ်ယူရေး ခက်ခဲနေတဲ့နောက် မန်ချက်စတာ ယူနိုက်တက် ဟာ ပရီးမီးယားလိဂ်မှာ အသားကျပြီးသား ကွင်းလယ်တွေ ဖြစ်တဲ့ ဝုဗ်မှ ရူဘန် နီဗက်စ်နဲ့ လက်စတာမှ တိုင်လီမန်းစ် တို့ဘက် အာရုံကျလာကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ပါရီဒက်စ် ကို ချိတ်ဆက်နေပေမယ့် ၎င်းအတွက် ပီအက်စ်ဂျီ တောင်းဆိုထားတဲ့ တန်ကြေး ယူရို ၃၅ သန်း ကို ပေးဖို့တော့ သဘောမတူနိုင်တာကြောင့် ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ အတူ ရာသီကြိုမှာ ပူးပေါင်းဖို့ ပျက်ကွက်နေတဲ့ စီ ရော်နယ်ဒိုနဲ့ ပတ်သတ်ပြီး အဲရစ် တန်ဟက်က ရော်နယ်ဒိုက ရောင်းရန် မဟုတ်ကြောင်းနဲ့ အသင်း အစီအစဉ်တွေထဲ ပါဝင်နေဆဲ ဖြစ်ကြောင်းကို ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

ဒါပေမယ့် ယူနိုက်တက် အသင်းသားတွေကို အသင်း ထရိန်နင်နဲ့ အစည်းအဝေးတွေ ပျက်ကွက်ရင် ပွဲထွက်က ချန်လှပ်မယ် စည်းကမ်း ချမှတ်ထားတဲ့ တန်ဟက်က ရော်နယ်ဒို ပြန်လာရင် ရာသီအစပိုင်း ပွဲတွေမှာ ထည့် မသုံးဖို့ များနေပါတယ်။

ယူနိုက်တက် တိုက်စစ်မှုးဟောင်းကြီး ဝိန်းရွန်းနီဟာ ဒါဘီအသင်း နည်းပြရာထူးကနေ နှုတ်ထွက်ခဲ့ပြီးနောက် မေဂျာလိဂ် ဒီစီယူနိုက်တက် ကို ပြောင်းလဲ ကိုင်တွယ်ပြီ ဖြစ်ပါတယ်။