ချယ်ဆီး ခေါ်ယူနိုင်တယ် သတင်းကြီးလာတဲ့ စီ ရော်နယ်ဒို ကိစ္စကို နည်းပြတူချယ်အား ပရိသတ်တစ်ဦးက မေးမြန်းခဲ့ရာ တူချယ်က သူ မဖြေကြားနိုင်ဘူးလို့ တုန့်ပြန် ငြင်းဆန်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ဟာ အမြင့်ဆုံး အဆင့်နဲ့ ဆက်တိုက် ထိန်းသိမ်းထားနိုင်ပြီး ထိုနှစ်သင်းကို အနီးစပ်ဆုံး အမှီလိုက်တဲ့ အသင်းက ချယ်ဆီးပဲ ဖြစ်တယ်လို့ ဘန်ချေးဝဲလ်က မှတ်ချက်ပြုခဲ့ပါတယ်။
ဘန်ချေးဝဲလ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာတည်းက ခြေကျင်းဝတ် ဒဏ်ရာရခဲ့ပြီး ကာလရှည် နားနေခဲ့ရတာ ဖြစ်ကာ ခုချိန်မှာတော့ အသင်းနဲ့ အတူ ထရိန်နင် အပြည့်အဝ ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ အလိုရှိနေတဲ့ ခံစစ်မှုး ကွီတာ အတွက် ချယ်ဆီးအသင်းက ပေါင် ၇ သန်း လို့ ဈေးသတ်မှတ်လိုက်ပြီး ထိုပြောင်းရွှေ့ကြေးက ဘာစီလိုနာ အတွက် အတားအဆီး ဖြစ်နေပါတယ်။
စတားလင်းဟာ ကလပ်အသင်းသစ် ချယ်ဆီးရဲ့ ရာသီကြို ခရီးစဉ်ကို လိုက်ပါဖို့ အတွက် သူ့ရဲ့ ဆေးစစ် ရလဒ်ကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။ အင်္ဂလန်သား တောင်ပံကစားသမားဟာ မန်စီးတီးကနေ ပေါင် သန်း ၅ဝ နဲ့ ပြောင်းရွှေ့မှာပါ။
ပြင်သစ်တောင်ပံတိုက်စစ်သမား ဒမ်ဘီလီဟာ ဒီနွေမှာ စာချုပ်ကုန်ခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ပဲ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီလိုက်ပြီး လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။ ဒမ်ဘီလီကို ချယ်ဆီးက ချိန်ရွယ်ခဲ့ပေမယ့် ပြင်သစ်သားက နူးကမ့်မှာ ဆက်နေဖို့ပဲ ရွေးချယ်ခဲ့တာပါ။
မန်စီးတီးဟာ ချယ်ဆီး ပြန်ခေါ်ယူချင်နေတဲ့ ခံစစ်မှုး နေသန် အကီ အတွက် ပေါင် သန်း ၄ဝ လောက် ပြောင်းရွှေ့ကြေး အလိုရှိနေတယ် လို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။
