မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့ ညနေခင်း မှာ သြစတေးလျ ရာသီကြို ခရီးစဉ်ရဲ့ ခြေစမ်းပွဲ အဖြစ် မဲလ်ဘုန်း ဗစ်ထရီ အသင်းကို ယှဉ်ပြိုင် ကစားရာ ၄-၁ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြန်ပါတယ်။ ယူနိုက်တက်ဟာ ဦးဆောင်ဂိုး အရင် ခွင့်ပြုခဲ့ရပေမယ့် ချေပဂိုး အပြင် အနိုင်ဂိုးတွေ ဆက်လက် ရယူနိုင်ခဲ့တာပါ။
ယူနိုက်တက် အတွက် မဲလ်ဘုန်းအသင်းဘက် ဂိုးသွင်းပေးခဲ့ကြတာကတော့ တော်မီနေး၊ မာရှယ်၊ ရက်ဖို့ဒ်နဲ့ own goal တစ်ဂိုး တို့ ဖြစ်ကြပါတယ်။ နည်းပြ တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ဒီရာသီကြိုမှာ ခြေစမ်းပွဲ ၂ပွဲ ကစားထားခဲ့ရာ ပထမပွဲမှာလည်း လီဗာပူး ကို ၄-၀ နဲ့ ဂိုးပြတ်နိုင်ခဲ့ပြီး ဒီနေ့ပွဲမှာ ၄-၁ နဲ့ ထပ်မံ ဂိုးပြတ်နိုင်ပွဲ ရခဲ့ပြန်တာပါ။

ယူနိုက်တက် ဗဟိုခံစစ်မှုး အဲရစ် ဘိုင်လီဟာ ဂါလာတာစာရေး၊ ဖီနာဘာချီအသင်းတို့ စိတ်ဝင်စားမှု ခံထားရပေမယ့် နာပိုလီ အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ် လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ချယ်ဆီး တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ်ကို ခေါ်ယူရေး ဝင်ရောက် ကြိုးပမ်းဖွယ် ရှိကြောင်း GiveMeSport သတင်းဌာနက ဆိုပါတယ်။ မိုရိုကိုသားကို အေစီမီလန်ကလည်း အလေးအနက် ချိတ်ဆက်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အေဂျက် ခံစစ်မှုး မာတီနက်ဇ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ မာတီနက်ဇ် အတွက် ပြောင်းရွှေ့ကြေး က ထပ်ဆောင်း ဆုကြေးတွေ အပါ ယူရို ၅၅ သန်း လို့ သိရပြီး ၅ နှစ် စာချုပ် ချုပ်ဆိုသွားမှာပါ။

စီ ရော်နယ်ဒိုဟာ ဆောဒီအာရေဗျ ကလပ်အသင်း တစ်သင်းထံမှ ယူရို ၂၇၅ သန်းတန် ကမ်းလှမ်းမှုကြီး ရခဲ့ပေမယ့် ချက်ချင်း ငြင်းဆန်ပယ်ချခဲ့တယ် လို့ သိရပါတယ်။ ရော်နယ်ဒိုက လက်ရှိ ပေါ်တူဂီမှာ ရှိနေသေးပြီး ယူနိုက်တက်ရဲ့ ရာသီကြို ထရိန်နင်ကို မိသားစု ကိစ္စ အကြောင်းပြကာ မပူးပေါင်းသေးဘဲ ရှိနေပါတယ်။
ယူနိုက်တက်နဲ့ မန်စီးတီးတို့ နှစ်သင်းလုံးဟာ အက်စတွန်ဗီလာမှ အသက် ၁၈ နှစ် အရွယ် ခြေစွမ်းထက် ကွင်းလယ် လူငယ်လေး Carney Chukwuemeka ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ၎င်းရဲ့ တန်ကြေးက ပေါင် သန်း ၂ဝ လို့ သိရပါတယ်။
