မန်ချက်စတာ ယူနိုက်တက်ဟာ ဘာစီလိုနာ ညာစွန်ခံစစ် ကစားသမား ဆာဂျီနို ဒက်စ် ကို ခေါ်ယူလိုပေမယ့် ဆွေးနွေး ထားခြင်းတော့ မရှိသေးပါဘူး။ တချိန်တည်းမှာပဲ ဘစ်ဆာကာ အတွက် ကမ်းလှမ်းမှုတွေကိုလည်း ယူနိုက်တက်က လမ်းဖွင့်ထားပါတယ်။
ဘရိုက်တန် အသင်းဟာ ကူကူရယ်လာ အတွက် မန်စီးတီးရဲ့ ပေါင် သန်း ၃ဝ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ပြီး အသင်းမှာ ကစားသမားကို ဆက်ထိန်းထားဖို့ မျှော်လင့်နေပါတယ်။ ကူကူရယ်လာ အတွက် ဘရိုက်တန်က ပေါင် သန်း ၅ဝ ဈေးသတ်မှတ်ထားခဲ့တာပါ။
လီဗာပူးအသင်းဟာ ဒေါ့မွန် ကွင်းလယ် ကစားသမား ဂျူ့ဒ် ဘယ်လင်ဟမ် ကို ခေါ်ယူဖို့ အတော် စိတ်ဝင်စားနေတယ် လို့ သိရပြီး ၂၀၂၃ မှာ ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိတယ် လို့ ဆိုပါတယ်။ ဒီနွေမှာ အင်္ဂလန် လက်ရွေးစင် ကစားသမား ကို ခေါ်ဖို့ မေးမြန်းခဲ့ပေမယ့် ဘယ်လင်ဟမ်ကို မရောင်းဘူး ငြင်းဆန်ခဲ့ပါတယ်။

ဘာစီလိုနာက ပေါ တောရက်စ်ကို ရောင်းချမလား လို့ ဗီလာရီးရဲလ်အား မေးမြန်းခဲ့ကြောင်း သိရပါတယ်။ စပိန် လက်ရွေးစင် ကစားသမားကို ပရီးမီးယားလိဂ် အသင်းတွေကလည်း ချိတ်ဆက်နေတာပါ။
လက်စတာ ကွင်းလယ်လူ တိုင်လီမန်းစ် ဟာ အာဆင်နယ် ပစ်မှတ် အဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ သား အတွက် ဂန်းနားတွေက ကမ်းလှမ်းမှုလည်း မပြုလုပ်ရသေးပါဘူး။ ကစားသမားကတော့ ကင်းပါဝါကနေ ခွာချင်နေပြီ ဖြစ်ပါတယ်။
အက်သလက်တီကို မက်ဒရစ်ဟာ ဂရစ်စမန်းကို ရောင်းချ ငွေရှာပြီး ယူနိုက်တက် ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒို ကို ခေါ်ယူဖို့ စိတ်အားထက်သန် လာပါတယ်။ ပေါ်တူဂီ တိုက်စစ်မှုးကို ခေါ်ဖို့ ဆိုရင် အက်သလက်တီကို အနေနဲ့ ကစားသမား လစာ အသုံးစရိတ်ကို အရင် လျှော့ချရမှာပါ။

အာဆင်နယ် နည်းစနစ် ဒါရိုက်တာ အီဒူးကတော့ ဂန်းနားတွေ ချိတ်ဆက်နေတယ် သတင်းကြီးနေတဲ့ လိုင်ယွန် ကွင်းလယ် လူးကပ်စ် ပါကွီတာ ကို သဘောကျကြောင်း ဝန်ခံခဲ့ပါတယ်။
ဘာစီလိုနာ အသင်းဟာ ဆီဗီလာ ကစားသမား ဂျူးလက်စ် ကွန်ဒီ ကို ခေါ်ယူရေး စိတ်ဝင်စားနေဆဲ ဖြစ်ပြီး ချယ်ဆီးရဲ့ ကြိုးစားမှုကို ကြားဖြတ် ဝင်ဖို့ ကြိုးစားနေပါတယ်။ ချယ်ဆီးကတော့ ကွန်ဒီ အတွက် ကမ်းလှမ်းမှု အဖြေကို စောင့်ဆိုင်းနေရတာ အတွက် စိတ်မရှည် ဖြစ်လာနေပါတယ်။
