ဒီဂျောင် အစားထိုး ပစ်မှတ်၊ သူ့အစွမ်း ပြချင်သေးတဲ့ မက်ဂွဲရား၊ ဘရန်ဒန် ဝီလီယံနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

ဘရိုက်တန်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘရန်ဒန် ဝီလီယံ ကို ခေါ်ဖို့ လှုပ်ရှားလာတော့မှာပါ။ ၎င်းတို့က ကူကူရယလာကို မန်စီးတီးထံ ရောင်းချရဖွယ် ရှိနေပြီး အစားထိုး ပစ်မှတ် ရှာဖွေနေပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲရားဟာ ဒီနွေမှာ ဒီဂျောင် အပြောင်းအရွှေ့ထဲ အလဲအထပ် အဖြစ် ဘာစီလိုနာက သူ့ကို တောင်းဆိုခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့တယ် လို့ သိရပါတယ်။ အင်္ဂလန်သားက သူ့အရည်အချင်း ကို အိုးထရက်ဖို့ဒ်မှာ ပြသလိုနေပါတယ်။

ယူနိုက်တက်ဟာ ဘာစီလိုနာ ညာစွန်ခံစစ် ဆာဂျီနို ဒက်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် ကလပ်နှစ်သင်းကြား ဆွေးနွေးမှုကို မစတင်ရသေးဘူးလို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရော်နယ်ဒို အသင်းကနေ ထွက်ချင်တယ် ဆိုရင် အငှားနဲ့ ထွက်ခွာခွင့် ပေးဖို့ လိုလားနေပြီး အငှားနဲ့ မသွားခင် တစ်နှစ် စာချုပ်သက်တမ်းတိုးသွားဖို့လည်း အလိုရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘာစီလိုနာ ကွင်းလယ်သမား ဖရန်ကီ ဒီဂျောင် ကို ခေါ်ယူရေး ကြိုးပမ်းရ ခက်နေတဲ့ အပေါ် စိတ်ပျက်နေပါပြီး အစားထိုး ပစ်မှတ်များ ချိန်ရွယ်နေပါတယ်။ ထိုထဲမှာ လာဇီယို ကြယ်ပွင့် မီလန်ကိုဗစ် ဆာဗစ် က ထိပ်ဆုံးက ပါဝင်နေပါတယ်။