ဘာစီလိုနာကို အရောင်း ပိတ်တော့မယ့် ချယ်ဆီး၊ ဆာအဲလက်စ် ဝင်ပါတော့မယ့် ဒိုလေးကိစ္စနဲ့ ယနေ့ ညနေခက်း သတင်းများ

တော့တင်ဟမ် စပါး နည်းပြ ကွန်တီကို ရိုးမား ကစားသမား ဇန်နီရိုလို အတွက် ပေါင် သန်း ၃ဝ ကမ်းလှမ်းမှု ပယ်ချခံရပြီးနောက် ပိုကောင်းတဲ့ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်လိုနေပါတယ်။ ဇန်နီရိုလိုကို ဂျူဗင်တပ်ကလည်း အပြိုင် ချိတ်ဆက်နေတာပါ။

မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ စီ ရော်နယ်ဒိုက အသင်းထံ ပြန်လာခဲ့သလို ဂန္တဝင် နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင်လည်း ဒီနေ့ ကာရင်တင် လေ့ကျင့်ရေးကွင်းသို့ ဒီနေ့ လာရောက်တာ တွေ့ရပါတယ်။ ယူနိုက်တက်ကတော့ စီ ရော်နယ်ဒို ကို ဆက်ထိန်းထားဖို့ ကြိုးစားမှာပါ။

ချယ်ဆီးနည်းပြ တူချယ် ရောင်းထုတ်လိုနေတဲ့ တိုက်စစ်မှုး တီမိုဗာနာ ကို ခေါ်ယူဖို့ နယူးကာဆယ် အသင်းက စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်ဟာ ရက်ဘူးဆဲလ်ဘတ် တိုက်စစ်သမား ဘန်ဂျမင် ဆက်စ်ကို ကို ခေါ်ယူဖို့ စိတ်ရှည်ရှည်နဲ့ ကြိုးစားဖွယ် ရှိနေပါတယ်။ ဆဲလ်ဘတ်ကတော့ အသက် ၁၉ နှစ် အရွယ် ဆလိုဗက်ကီးယား ကစားသမားကို ဒီနွေမှာ ရောင်းချဖို့ မရှိပါဘူး။

တိုက်စစ်မှုးသစ် ရှာဖွေနေတဲ့ ဂျူဗင်တပ်ရဲ့ ရေဒါထဲမှာ ယူနိုက်တက် တိုက်စစ်မှုး မာရှယ်နဲ့ ချယ်ဆီးမှ တီမိုဗာနာ တို့ ပါဝင်နေကြောင်း သတင်းထွက်လာပါတယ်။

အာဆင်နယ်က ပြင်သစ်ကြယ်ပွင့် ခံစစ်မှုး ဆာလီဘာကို အသင်းမှာ ဆက်ထိန်းထားဖို့သာ ရည်ရွယ်နေပြီး ရူးလောက်တဲ့ ကမ်းလှမ်းမှု ရမှသာ ရောင်းချဖို့ စဉ်းစားမယ်လို့ သိရပါတယ်။

ဆီဗီလာ ခံစစ်မှုး ကွန်ဒီကိုလည်း ဘာစီလိုနာက ကြားဖြတ်ခုတ်သွားတဲ့နောက် ချယ်ဆီးက သူတို့ ကစားသမားတွေ ဖြစ်တဲ့ ကွီတာနဲ့ အလွန်ဆိုတို့ကိုလည်း ဘာစီလိုနာထံ ထွက်ခွာခွင့် မပေးဘဲ အပြောင်းအရွှေ့ကို ပိတ်ပင်သွားဖွယ် ရှိနေပါတယ်။ ချယ်ဆီးဟာ အဓိက ပစ်မှတ် တစ်ဦး ဖြစ်တဲ့ ရာဖင်ဟာကိုလည်း ဘာစီလိုနာထံ လက်လွှတ်ခဲ့ရတာပါ။

ဘာစီလိုနာ နည်းပြ ဇာဗီက အသင်းဖော်ဟောင်း မက်ဆီကို ကတ်တလန်ကလပ်ထံ ပြန်ခေါ်ချင်နေပြီး အသင်း ဥက္ကဌ လာပေါ်တာကလည်း နောက်နှစ်နွေမှာ ပြန်ခေါ်ဖို့ စကားဦးသန်းထားပါတယ်။