Romano’s Update | ကူကူရယ်လာ၊ ဖာမီနို၊ ဘရိုဂျာ၊ ရိုဒန်တို့ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

အပြောင်းအရွှေ့ ဂုရု သတင်းထောက် ဖာဘရီဇီယို ရိုမန်နို ဖော်ပြထားတဲ့ သတင်းသစ်တချို့ကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

မာ့ခ် ကူကူရယ်လာ

ကူကူရယ်လာ အတွက် ဘရိုက်တန်နဲ့ မန်စီးတီးတို့ နှစ်သင်းကြား သဘောတူညီမှု တစုံတရာ မရှိသေးပါဘူး။ ကစားသမားကတော့ ဘရိုက်တန် တာဝန်ရှိသူတွေကို သူ မန်စီးတီးကိုပဲ ပြောင်းချင်တယ် လို့ ထပ်မံ အသိပေးထားကြောင်း သိရပါတယ်။ ကူကူရယ်လာ အေးဂျင့်တွေကတော့ ဘရိုက်တန်နဲ့ ညှိနှိုင်းဖို့ ရောက်နေပြီး ဆွေးနွေးမှုတွေ ဆက်ရှိမှာပါ။

နူနို တာဗာရက်စ်

မာဆေးအသင်းဟာ အာဆင်နယ် အစွန်ခံစစ်သမား တာဗာရက်စ်ကို ခေါ်ယူဖို့ စာရွက်စာတမ်းကိစ္စတွေ အကုန် လုပ်ဆောင်ပြီးသွားခဲ့ပါပြီ။ တာဗာရက်စ်က မာဆေးကို သောကြာနေ့ မနက် ရောက်လာပြီး ဆေးစစ်မှု ခံယူရမှာပါ။ အငှားနဲ့ တစ်ရာသီ ပြောင်းရွှေ့တာ ဖြစ်ပြီး အပြီး ဝယ်ယူခွင့် မပါဝင်ပါဘူး။ မာဆေးက ကစားသမား လစာကို အပြည့် ပေးချေမှာ ဖြစ်ပါတယ်။

အာမန်ဒို ဘရိုဂျာ

ချယ်ဆီးက အခုထိ ဘရိုဂျာ အတွက် ကမ်းလှမ်းမှုတွေ ကို လက်ခံမထားပါဘူး။ နည်းပြ တူချယ်က ဘရိုဂျာ ကို အသင်းမှာ ထိန်းထားလိုပြီး အပြီး ရောင်းချလိုခြင်းလည်း မရှိပါဘူး။ ဝက်စ်ဟမ်းက ဘရိုဂျာ ကို ဝယ်ယူဖို့ လွန်ခဲ့တဲ့ ၁ဝ ရက်က ပေါင် သန်း ၃ဝ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ချယ်ဆီးက ပယ်ချခဲ့ပါတယ်။

ဖာမီနို

လီဗာပူးနည်းပြ ကလော့ပ်ကတော့ တိုက်စစ်မှုး ဖာမီနို က အသင်းအတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမား ဖြစ်တယ် လို့ ပြောဆိုပြီး အပြောင်းအရွှေ့ သတင်းတွေကို ငြင်းဆန်သွားပါတယ်။

ဂျိုး ရိုဒန်

ရေးနစ်စ် အသင်းဟာ စပါးအသင်း ဗဟိုခံစစ်သမား ဂျိုး ရိုဒန် ကို အငှားနဲ့ ခေါ်ယူမှု ပြီးစီးတော့မှာ ဖြစ်ပါတယ်။ သဘောတူညီချက်ထဲမှာ ယူရို သန်း ၂ဝ နဲ့ အပြီး ဝယ်ယူခွင့်လည်း ပါဝင်ပါတယ်။ အပြောင်းအရွှေ့ အတွက် လုပ်ဆောင်မှုတွေက နောက်ဆုံးအဆင့်ကို ရောက်ရှိနေပါပြီ။