ချယ်ဆီးအသင်းဟာ အူဒီးနိစ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာမှာ စတာလင်၊ မေဆန်မောင့်၊ ကန်တေတို့ သွင်းဂိုးတွေနဲ့ အတူ ၃-၁ နဲ့ အနိုင် ရခဲ့ပါတယ်။ ဒီပွဲမှာ ချယ်ဆီး ကစားသမားသစ်တွေ ဖြစ်တဲ့ စတာလင်နဲ့ ကူလီ ဘာလေတို့ အထူး အစွမ်းပြခဲ့ကြပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဘန်ဇီမာ နေရာ အရန် အတွက် တိုက်စစ်မှုးသစ် ရှာဖွေနေရာ ချယ်ဆီး ကြယ်ပွင့် ဘရိုဂျာ ကို မျက်စိကျနေကြောင်း သိရပါတယ်။ တရားဝင် ကမ်းလှမ်းမှုတော့ ရီးရဲလ်ဘက်က မလှုပ်ရှားလာသေးပါဘူး။
တိုက်စစ်မှုး တီမိုဗာနာက အသင်းဟောင်း လိုက်ပ်ဇစ် ထံ ပြန်သွားလိုနေပြီး လက်ရှိ လစာရဲ့ တဝက်ထိ လျှော့ပြီး ယူဖို့ပါ သဘောတူပေးနိုင်သည် ထိ စိတ်အားထက်သန်နေပါတယ်။ လိုက်ပ်ဇစ်ထံ ဗာနာ အငှားအနေနဲ့ ပြန်သွားဖို့က အတော် ဖြစ်နိုင်ခြေ ရှိနေတယ် လို့လည်း သိရပါတယ်။

အဲဗာတန်အသင်းဟာ ချယ်ဆီး ရှင်းထုတ်လိုနေတဲ့ ဘာကလေနဲ့ ဘတ်ရှုဝါယီ ကို ခေါ်ယူဖို့ ဆွေးနွေး ပြောဆိုနေပါတယ်။ ဘာကလေ က ဂွတ်ဒီဆင်ပါ့ခ်ကို ပြန်သွားဖို့ ဆွေးနွေးမှု အတော် ခရီးပေါက်နေပေမယ့် ဘတ်ရှုဝါယီကတော့ သိပ် မနီးစပ်သေးပါဘူး။
ချယ်ဆီးအသင်းက နောက်တစ်ပတ် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲဦးထွက် အဖြစ် နည်းပြ ဖရန့် လမ်းပတ်ရဲ့ အဲဗာတန် အသင်းနဲ့ ရင်ဆိုင် ကစားရတော့မှာပါ။
