ပယ်လစ္စထရီ ဒဏ်ရာ၊ နာပိုလီနဲ့ ရော်နယ်ဒို၊ နည်းပြအဖွဲ့ဝင်သစ်နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ဝက်ဖို့ဒ်အသင်းဟာ ယူနိုက်တက်ရဲ့ home-grown ညာစွန် ခံစစ်သမား အီသန် လာ့ဒ်ကို ခေါ်ယူဖို့ စိတ်အား ထက်သန်နေကြောင်း The Athletic သတင်းက ဖော်ထုတ်လိုက်ပါတယ်။ အသက် ၂ဝ အရွယ် ကစားသမားလေးဟာ စီနီယာ အသင်းနဲ့ အတူ ၂ ကြိမ် ပါဝင်ကစားဖူးပြီး ပုံမှန် ပွဲကစားခွင့် ရလိုနေပါတယ်။

တိုက်စစ်မှုးဟောင်း ဘန်နီ မက်ကာသီက နည်းပြ တန်ဟက်ရဲ့ ပထမအသင်း နည်းပြ အဖွဲ့ဝင် အဖြစ် လာရောက် ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။ တောင်အမေရိကန်သားဟာ ယူနိုက်တက် ပရိသတ် ဖြစ်ပြီး အေဂျက်မှာ ကစားဖူးပါတယ်။ ဒါ့အပြင် ဘလက်ဘန်း၊ ပေါ်တို အသင်းတွေမှာပါ ကစားဖူးကာ ၂၀၂၀-၂၁ တောင်အမေရိကန် ပရီးမီးယားလိဂ် နည်းပြ ဆုလည်း ရရှိဖူးသူပါ။

အီတလီဘက်က သတင်းတွေ အရ နာပိုလီအသင်းဟာ ဒီနွေမှာ သူတို့ တိုက်စစ်ကို အင်အားမြှင့်ဖို့ စီ ရော်နယ်ဒို ကို ခေါ်ယူရေး စဉ်းစားလာကြောင်း သိရပါတယ်။

ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့ မန်ဒက်စ်က နာပိုလီ အသင်း ဥက္ကဌ ဒီ လော်ရန်တစ်စ် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးလည်း ရှိပါတယ်။ ဒါကြောင့် ဒီနှစ်ဦးက ရော်နယ်ဒို အပြောင်းအရွှေ့ ကိစ္စ ပြောဆို ဆွေးနွေးထားတယ် လို့ ယုံကြည်ရပါတယ်။

ပယ်လစ္စထရီ ဟာ ညက အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲမှာ ပွဲချိန် ၇၆ မိနစ်မှာ ဝင် ကစားခဲ့ပေမယ့် ထိခို က်သွားခဲ့တာကြောင့် နာကျင်အချိန်ပို ပထမ မိနစ်မှာ လူစားလဲခဲ့ရပါတယ်။

ပွဲအပြီး တွစ်တာမှာ ပယ်လစ္စထရီ က ” ကျနော် အဆင်ပြေပါတယ်။ ပွဲထဲမှာ ခြေကျင်းဝတ် လည်သွားလို့ပါ။ ပွဲကို ပြီးအောင် မကစားလိုက်ရတာတော့ နာတာပဲ။ ဆက်လုပ်ကြမယ့်ဟေ့ မန်ယူနိုက်တက်ရေ။” လို့ သူ့ အခြေအနေကို ရေးသား အသိပေးခဲ့ပါတယ်။

ဘာစီလိုနာ ဥက္ကဌက ” ဒီဂျောင်သာ လစာ လျှော့မယူဘဲ ဘာစီလိုနာ မှာပဲ ဆက်နေမယ် ပြောလာရင်ရော ? ဒါဆို သူ ကျနော် တို့နဲ့ အတူ ဆက်ရှိနေမှာပါ။ သူ့မှာ စာချုပ် ရှိနေသေးတယ်။ သူ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ လေးစားမှု ထားမှာပါ။ သူ့အပေါ်ပဲ ပုံအပ်ထားပါတယ်။ ” လို့ ဒီဂျောင်နဲ့ ပတ်သတ်တဲ့ အခြေအနေကို CBS မှာ ဖြေကြားခဲ့ပါတယ်။