ချယ်ဆီးကို ပြောင်းရွှေ့လာဖို့ သဘောတူညီမှု ရထားတဲ့ ဂိုးသမား ဂါဘရီရယ် ဆလိုနီနာ ဟာ လန်ဒန်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်တော့မှာပါ။ ဆလိုနီနာက ဇန်နဝါရီထိ ချီကာဂို ဖိုင်းယား မှာပဲ အငှား ဆက်ကစားနေဦးမှာ ဖြစ်ပါတယ်။
အာဆင်နယ်က ဂိုးသမား လီနို ကို ဖူလ်ဟမ် အသင်းထံ ပေါင် ၈ သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ လာမယ့် အပတ်ထဲမှာ ဆေးစစ်မှုနဲ့ အပြီးသတ်မှုတွေ လုပ်ဆောင်သွားဖွယ် ရှိတယ် လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဘယ်စွန်ခံစစ်သမား အဲလက်စ် တဲလက်စ်က အသင်းကနေ ထွက်ခွာဖို့ တာစူနေပြီ ဖြစ်ပါတယ်။ ၎င်းကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ကလပ် ၂သင်း ၃သင်း ရှိနေပြီး ဆီဗီလာ အသင်း ပါဝင်တယ် လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။
ချယ်ဆီးအသင်းဟာ မန်စီးတီး ပစ်မှတ်ထားနေတဲ့ ဘရိုက်တန် ဘယ်စွန်ခံစစ်သမား မာ့ခ် ကူကူရယ်လာ ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ ဘရိုက်တန်က ကူကူရယ်လာကို ပေါင် သန်း ၅ဝ သတ်မှတ်ထားပြီး ထိုတန်ကြေးကြောင့် မန်စီးတီးကလည်း ရှေ့ဆက် မတိုးသေးတာပါ။

လိဒ်စ် ယူနိုက်တက် တောင်ပံ ကစားသမား ဂျက် ဟယ်ရီဆန် ကို နယူးကာဆယ်က ယူရို သန်း ၄ဝ နဲ့ ကမ်းလှမ်းခဲ့တယ် လို့ သိရပါတယ်။
မန်ချက်စတာ စီးတီးဟာ ကွင်းလယ်ကစားသမား ဂွမ်ဒိုဂန် အား ဂျူဗင်တပ်မှ ဘရာဇီး ကွင်းလယ် အာသာနဲ့ အလဲအထပ် လုပ်ဖို့ စိတ်ဝင်စားနေပါတယ်။ ဂွမ်ဒိုဂန်က စီးတီးနဲ့ စာချုပ် တစ်နှစ်သာ ကျန်ရှိတော့ပြီး အာဆင်နယ်ကလည်း ချိတ်ဆက်နေပါတယ်။
အာဆင်နယ်အသင်းဟာ ဘာလိုဂန်ကို တစ်ရာသီ အငှား လွှတ်ဖို့ ပြင်သစ်ကလပ် Reims နဲ့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။
