ချယ်ဆီးနည်းပြ သောမတ်စ် တူချယ်က အင်တာမီလန် ကွင်းလယ် ကစားသမား နီကိုလို ဘာရယ်လာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အင်တာနဲ့ ပြောဆို ဆွေးနွေးဖွယ် ရှိကြောင်း အီတလီ သတင်းတွေက ဆိုပါတယ်။ အီတလီ ကွင်းလယ်သမားကို လီဗာပူးနဲ့ စပါးတို့ကလည်း စိတ်ဝင်စားဟန် ပြသထားပါတယ်။
ပီအက်စ်ဂျီက ရီနာတို ဆန်းချက်စ်ကို လိုင်လီကနေ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း GOAL သတင်းဌာနက အတည်ပြု ဖော်ပြလာပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂျောင် ကို ခေါ်ယူရေး အတွက် ဘာစီလိုနာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နောက်ဆုံး အကြိမ် တွန်းအားပေးမယ်လို့ စပိန်သတင်းမှာ ဖော်ပြလာပါတယ်။ အဲရစ်တန်ဟက်က ကစားသမားနဲ့လည်း စကားပြောလိုနေပြီး အိုးထရက်ဖို့ဒ် လာဖို့ စည်းရုံးနိုင်မယ် ယုံကြည်နေပါတယ်။

ပီအက်စ်ဂျီနဲ့ လမ်းခွဲဖို့ ဆွေးနွေးပြီးတဲ့ ကွင်းလယ် ကစားသမား ဝိုက်နယ်ဒန်ဟာ နည်းပြ မော်ရင်ညိုရဲ့ ရိုးမား အသင်းထံ အငှားနဲ့ သွားဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။
အေဂျက်စ် တောင်ပံတိုက်စစ်သမား အန်တိုနေး ဟာ မန်ချက်စတာ ယူနိုက်တက်ထံ အမြန်ဆုံး ပြောင်းရွှေ့ လာချင်နေပါတယ်။ အေဂျက်က သူတို့ တိုက်စစ်သမား အတွက် ပေါင် သန်း ၇ဝ လို့ ဈေးသတ်မှတ်ထားတာပါ။
ချယ်ဆီးအသင်းဟာ ဆောက်သမ်တန် ခံစစ်မှုး ကိုင်လီ ဝေါ်ကာ ပီတာစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဂါးဒီးယန်း သတင်း က ဆိုပါတယ်။ ဝေါ်ကာပီတာစ်ကို ပေါင် ၃၅ သန်း – သန်း ၄ဝ လောက်နဲ့ ကမ်းလှမ်းရင် ရနိုင်ဖွယ် ရှိပါတယ်။
