မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ သူ့ရဲ့ တိုက်စစ်ရွေးချယ်စရာတွေကို ဆက်လက် အကဲဖြတ်နေသလို မန်စီးတီး တောင်ပံကစားသမားဟောင်း ဆာနေး ကို ခေါ်ဖို့လည်း အံ့အားသင့်ဖွယ် စုံစမ်းမှု လုပ်ခဲ့ပါတယ်။
ပက်ဂွာဒီယိုလာက သူ့ရဲ့ မန်ချက်စတာ နည်းပြဘဝဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ အောင်မြင်မှုနဲ့ အကဲဖြတ်ရမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး ချန်ပီယံလိဂ် ယူဖို့ မန်စီးတီးထံ လာခဲ့တာလည်း မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။
ချယ်ဆီး တိုက်စစ်မှုး တီမိုဗာနာ ဟာ အသင်းဟောင်း လိုက်ပ်ဇစ်ထံ ပြန်သွားဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။ ဗာနာက အငှားနဲ့ ပြန်သွားမှာ မဟုတ်ဘဲ အပြီး ပြောင်းရွှေ့မှာ ဖြစ်တယ် လို့ သိရပါတယ်။

မန်စီးတီး လူငယ်ကြယ်ပွင့် ဖီးဖိုဒန်ဟာ ၃ဆ ပိုများတဲ့ စာချုပ်သစ်ကြောင့် အပိုဆုကြေး အဖြစ် ပေါင် ၆သန်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုလော့ညာကနေ မာကို အာနူတိုဗစ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။
လီဗာပူးဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ရောက်ရှိလာတဲ့ ကွင်းလယ် ကစားသမား နာဘီကီတာ ကို သက်တမ်းတိုးဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
အဲဗာတန်နည်းပြ လမ်းပတ်ဟာ သူ့အသင်းအတွက် တိုက်စစ်ပိုင်း ပို သန်မာလာစေဖို့ ရန်းနက်စ် ကြယ်ပွင့် ဂွီရက်ဆီကို အလိုရှိနေပါတယ်။
ဂန်ဒိုဂမ်ဟာ အောင်မြင်မယ့်သူ တစ်ယောက်ကို မြင်တွေ့ထားပြီးဖြစ်ပြီး မန်စီးတီး တိုက်စစ်မှုးသစ် အာလင်း ဟာလန်းဟာ ပရီးမီးယားလိဂ်အတွက် လိုအပ်ချက်နဲ့ အံဝင်ခွင်ကျ ကိုက်ညီတဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ထင်မြင်နေပါတယ်။

ပရီးမီးယားလိဂ်ဟာ သမိုင်းမှာ ငွေသုံးအကြမ်းဆုံး နွေအပြောင်းအရွှေ့အတွက် စံချိန်သစ်တင်နိုင်ဖို့ အရမ်းကို နီးစပ်နေပြီ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ လူးကပ် တော်ရဲရားဟာ တူရကီကလပ် ဂါလာတာဆာရေးထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ဂျာရော့ဒ် ဘိုဝင်ဟာ ဝက်စ်ဟမ်းကို ထိပ်ဆုံး ၆ သင်းထဲ ဝင်စေဖို့နဲ့ ကမ္ဘာ့ဖလား ကစားခွင့်ရရှိဖို့ ရည်မှန်းချက်နှစ်ခုနဲ့ ရာသီကို စတင်သွားမှာ ဖြစ်ပါတယ်။
စပါးဟာ ဒက်စတီနီ အူဒိုဂီကို ခေါ်ယူဖို့ အူဒီနီးစ်နဲ့ အပြည့်အဝ သဘောတူညီမှု ရခဲ့ပေမယ့် ဘယ်နောက်ခံလူအနေနဲ့ စပါးထံ တရားဝင်ပြောင်းရွှေ့ဖို့ စောင့်ဆိုင်းရနိုင်ပါတယ်။
ဝက်စ်ဟမ်းဟာ ပြင်သစ်ဗဟိုနောက်ခံလူ ဇာဂါဒူရဲ့ တိုးတက်မှုတွေကို ဆက်တိုက်စောင့်ကြည့်နေပါတယ်။
