မန်စီးတီး Vs နယူးကာဆယ် ပွဲစဉ်အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ်က လွဲခဲ့ပြီး ဖြစ်ပေမယ့် မန်စီးတီး ဟာ လက်ကျန်ပွဲတွေကို ဂုဏ်သိက္ခာ အတွက်ရော အခြားပြိုင်ပွဲ တွေ အတွက် ခြေသွေးဖို့ အတွက်ပါ သေချာ ဆက်လက် ယှဉ်ပြိုင် ကစားမှာ ဖြစ်ပြီး ဒီတစ်ပတ်မှာတော့ နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပွဲချိန်ကတော့ ဇူလိုင် ၈ ရက် (ဗုဒ္ဓဟူးနေ့) ည ၁၁း၃၀ နာရီ၊ အီးတီးဟက်ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။ ဒီပွဲအတွက် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အိုဝင်က အခုလို သုံးသပ်ထားပါတယ်။

မန်စီးတီးဟာ ချန်ပီယံ ဖြစ်သွားတဲ့ လီဗာပူးကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာတော့ စိန့်မေရီကွင်းမှာ ဆောက်သမ်တန်ကို ၁-၀ နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ နယူးကာဆယ်က နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ ၆ ပွဲ ဆက် ရှုံးပွဲ မရှိ ဖြစ်နေပြီး ဇယား အပေါ်ပိုင်းတဝက်ထဲ ပါဝင်ဖို့ ချဉ်းကပ်နေပါတယ်။

တဖက်မှာလည်း မန်စီးတီးကတော့ ပရီးမီးယားလိဂ်မှာ ဂုဏ် သိက္ခာ အတွက် ကစားဖို့ပဲ ရှိတော့ပြီး ဖလားရနိုင်မယ့် အက်ဖ်အေ ပြိုင်ပွဲ ချန်ပီယံလိဂ်တွေကို ပို အားစိုက်ဖို့ ရှိနေပါတယ်။ ဒီပွဲမှာတော့ အီတီဟက်မှာ ပက်ဂွာဒီယိုလာနဲ့ အသင်းသားတွေက ပြီးခဲ့တဲ့ ရှုံးပွဲကို တုန့်ပြန်ပြီး ကစားမယ် ထင်ပါတယ်။ လို့ အိုဝင်က ဆိုပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ စီးတီး နှစ်ဂိုး အသာနဲ့ အနိုင် ဖြစ်ပါတယ်။

Zawgyi – ဒီရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံ အျဖစ္က လြဲခဲ့ျပီး ျဖစ္ေပမယ့္ မန္စီးတီး ဟာ လက္က်န္ပြဲေတြကို ဂုဏ္သိကၡာ အတြက္ေရာ အျခားျပိဳင္ပြဲ ေတြ အတြက္ ေျခေသြးဖို႔ အတြက္ပါ ေသခ်ာ ဆက္လက္ ယွဥ္ျပိဳင္ ကစားမွာ ျဖစ္ျပီး ဒီတစ္ပတ္မွာေတာ့ နယူးကာဆယ္အသင္းနဲ႕ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ပြဲခ်ိန္ကေတာ့ ဇူလိုင္ ၈ ရက္ (ဗုဒၶဟူးေန႔) ည ၁၁း၃၀ နာရီ၊ အီးတီးဟက္ကြင္းမွာ ယွဥ္ျပိဳင္ၾကမွာပါ။ ဒီပြဲအတြက္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း အို၀င္က အခုလို သံုးသပ္ထားပါတယ္။

မန္စီးတီးဟာ ခ်န္ပီယံ ျဖစ္သြားတဲ့ လီဗာပူးကို ဂိုးျပတ္နုိင္ခဲ့ေပမယ့္ ျပီးခဲ့တဲ့ ပြဲမွာေတာ့ စိန္႔ေမရီကြင္းမွာ ေဆာက္သမ္တန္ကို ၁-၀ နဲ႕ ရွံဳးနိမ့္ထားခဲ့ပါတယ္။ နယူးကာဆယ္က ေနာက္ဆံုး ကစားထားတဲ့ လိဂ္ပြဲ ၆ ပြဲ ဆက္ ရွံဳးပြဲ မရွိ ျဖစ္ေနျပီး ဇယား အေပၚပိုင္းတ၀က္ထဲ ပါ၀င္ဖို႔ ခ်ဥ္းကပ္ေနပါတယ္။

တဖက္မွာလည္း မန္စီးတီးကေတာ့ ပရီးမီးယားလိဂ္မွာ ဂုဏ္ သိကၡာ အတြက္ ကစားဖို႔ပဲ ရွိေတာ့ျပီး ဖလားရနိုင္မယ့္ အက္ဖ္ေအ ျပိဳင္ပြဲ ခ်န္ပီယံလိဂ္ေတြကို ပို အားစိုက္ဖို႔ ရွိေနပါတယ္။ ဒီပြဲမွာေတာ့ အီတီဟက္မွာ ပက္ဂြာဒီယိုလာနဲ႕ အသင္းသားေတြက ျပီးခဲ့တဲ့ ရွံဳးပြဲကို တုန္႔ျပန္ျပီး ကစားမယ္ ထင္ပါတယ္။ လို႔ အို၀င္က ဆိုပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ စီးတီး နွစ္ဂိုး အသာနဲ႕ အနုိင္ ျဖစ္ပါတယ္။