အန်တိုနီကြောင့် အဝေမတည့်ကြတဲ့ အေးဂျင့်များ၊ ဖာရန်တောရက်စ်ကို ကမ်းလှမ်းခဲ့သေးတဲ့ အာဆင်နယ်နဲ့ ညနေခင်း ဘောလုံးသတင်းများ

ချယ်ဆီးအသင်းဟာ စီးရီးအေကလပ် Spezia အသင်းထံ အမ်ပဒူ ကို အငှားစေလွှတ်ခဲ့ပြီး အသက် ၂၁ နှစ် အရွယ် ကစားသမားကို ဗဟိုခံစစ်မှာ ထား ကစားစေဖို့ပါ တောင်းဆိုခဲ့ကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် တစ်နှစ်ကြာလို့ ချယ်ဆီးထံ ပြန်လာရင် အမ်ပဒူဟာ ဗဟိုခံစစ်မှာ ပွဲထုတ်ခံရဖွယ် ရှိပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဘရာဇီးသား ကွင်းလယ်သမား ရာဖင်ဟာ ကို စာချုပ်ကုန်ဆုံးလို့ လက်လွှတ်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာသွားပါတယ်။ ဘာစီလိုနာ ကစားသမားဟောင်းဟာ ကာတာကလပ် Al Arabi နဲ့ စာချုပ် ချုပ်ဆိုမှာပါ။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပေါင် ၈၆ သန်းနဲ့ တိုက်စစ်မှုး အန်တိုနီ ကို ခေါ်ယူခဲ့မှုဟာ ကစားသမားရဲ့ အေးဂျင့်တွေ ကြား အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။ အန်တိုနီရဲ့ အေးဂျင့်ကြေး ပေါင် ၂ဝ ကို အေးဂျင့်တွေကြား ခွဲယူဖို့ အဝေမတည့် ဖြစ်နေကြတာပါ။

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင်လေးမှာ ဘာစီလိုနာမှ ဖာရန်တောရက်စ် ကို ခေါ်ယူဖို့ ယူရို သန်း ၃ဝ နဲ့ ကမ်းလှမ်းခဲ့သေးပြီး နည်းပြဇာဗီက ပယ်ချခဲ့တယ် လို့ သိရပါတယ်။

ဖီးလ် ဂျုံးစ်ဟာ မန်ချက်စတာ ယူနိုက်တက် အဝတ်လဲခန်းကနေ ကန်ထုတ်ခံလိုက်ရပြီ ဖြစ်ပြီး ကစားသမားသစ်တွေ အတွက် နေရာပေးဖို့ ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြလာပါတယ။ ကာရင်တန် ထရိန်နင် ကွင်းဟာ ကစားသမား ၂၄ ယောက်စာ အတွက်ပဲ ရှိတာကြောင့် ဂျုံးစ်ဟာ U23 အသင်းနဲ့ သွားရောက် ပူးပေါင်းရမှာပါ။

နယူးကာဆယ် အသင်းဟာ ပေါ်တို ဂိုးသမား ဒီယေဂို ကော်စတာကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ဇန်နဝါရီ မှာ လှုပ်ှရားလာဖွယ် ရှိပါတယ်။ လက်ရှိ ဈေးကွက် ပေါက်ဈေး ယူရို ၂၅ သန်း တန် ကစားသမားဟာ စာချုပ် ဖျက်သိမ်းကြေးကတော့ ယူရို သန်း ၆ဝ ရှိပါတယ်။

ချယ်ဆီးက ရိစ် ဂျိမ်းစ်ကို ၂၀၂၈ ထိ ရှိစေမယ့် စာချုပ်သစ် တစ်ရပ် ချုပ်ဆိုမှာ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။ ကစားသမား ကိုယ်စားလှယ်တွေနဲ့ အသင်း တာဝန်ရှိသူတွေကြား ဆွေးနွေးနေပြီး ချယ်ဆီးက တစ်ရာသီ ထပ်တိုးခွင့်ပါ ထည့်သွင်းလိုနေပါတယ်။