ဝါရင့် နည်းပြတစ်ဦး ဖြစ်တဲ့ ဆလေဗန် ဘီလစ်ဟာ ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ် အသင်း နည်းပြ အဖြစ် ခန့်အပ် ခံလိုက်ရပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ တိုက်စစ်မှုး ရော်ဘတ်တို ဖာမီနို ကို အလိုက်ပေးပြီး ဘာစီလိုနာမှ မန်းဖစ် ဒီပေးကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း အင်္ဂလန် သတင်းတွေက ဖော်ပြလာပါတယ်။ လီဗာပူးနဲ့ ဖာမီနို စာချုပ်က နောက်နှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး လီဗာပူးက အလွတ်နဲ့ လက်လွှတ်ဖို့ထက် ဇန်နဝါရီမှာ အလဲအထပ် အသုံးချလိုနေပါတယ်။
ဒေးဗစ် ဒီဂီယာကို သက်တမ်းတိုးဖို့ တွေဝေနေပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အစားထိုးဖို့ ဂိုးသမားများ ရှာဖွေနေပြီ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်မှ အော့ဘလက်၊ အက်စတွန်ဗီလာ အသင်းမှ မာတီနက်ဇ် တို့ကို ပစ်မှတ်ထားနေကြောင်း သတင်းထွက်နေပါတယ်။

ဂိုးသမား ဂျန်အော့ဘလက်ရဲ့ စာချုပ်က လက်ရှိ ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးမှာ ဖြစ်လို့ အက်သလက်တီကို မက်ဒရစ်ဟာ ဇန်နဝါရီမှာ အော့ဘလက်ကို မန်ချက်စတာ ယူနိုက်တက်ထံ ရောင်းချဖို့ စဉ်းစားလာနိုင်ကြောင်း Mirror သတင်းဌာနက သုံးသပ်သွားပါတယ်။
ချယ်ဆီးအသင်းဟာ နောက်နှစ်နွေမှာ အင်တာမီလန်အသင်းမှ နယ်သာလန် ခံစစ်မှုး ဒမ်ဖရိုင်းစ်ကို ခေါ်ယူဖို့ ပစ်မှတ် ထားလာကြောင်း အီတလီ သတင်းဌာနတွေက ဖော်ပြလာပါတယ်။ ဒမ်ဖရိုင်းစ်ကို ပြီးခဲ့တဲ့နွေတုန်းကလည်း ချယ်ဆီးက ကမ်းလှမ်းခဲ့ပေမယ့် အင်တာက ပယ်ချခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ကို ကာလရှည် စာချုပ်သစ် တစ်ရပ် သက်တမ်းတိုး ချုပ်ဆိုဖို့ ရှိနေကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ရက်ဖို့ဒ် လက်ရှိ စာချုပ်ကနေ တစ်နှစ် ထပ်တိုးခွင့် ရှိနေသေးပေမယ့် အသင်းဘက်က ၅နှစ် စာချုပ်သစ် ပေးအပ်လိုနေတာပါ။

အာဆင်နယ်အသင်းဟာ ဂျူဗင်တပ် တိုက်စစ်မှုး ဗလာဟိုဗစ် ကို ခေါ်ယူဖို့ လှုပ်ရှားမှုတွေ မရှိသေးကြောင်း သတင်းထောက် ရိုမန်နို က ဆိုပါတယ်။ ကစားသမားဘက်ကလည်း ဂျူဗင်တပ် အတွက်သာ အာရုံစိုက်နေပြီး မြောက် လန်ဒန်သို့ ပြောင်းရွှေ့လာဖွယ် မရှိဘူးလို့ သိရပါတယ်။
ချယ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားဟန် ပြသနေကြောင်း စပါးအသင်းဟာ သူတို့ ကြယ်ပွင့် တိုက်စစ်မှုး ဟယ်ရီ ကိန်းကို နောက်ထပ် စာချုပ်သစ် သက်တမ်းတိုးဖို့ ထိန်းချုပ်ဖွယ် ရှိကြောင်း သိရပါတယ်။
