ထိပ်တန်းကွင်းလယ် ပစ်မှတ် ၂ဦး၊ ၅ပွဲဆက် လက်စွမ်းပြနေတဲ့ ကီပါ၊ ဂလယ်ဟာ အခြေအနေနဲ့ နောက်ဆုံးရ ချယ်ဆီး သတင်းများ

ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ချယ်ဆီး သရေကျခဲ့ပေမယ့် ပေးဂိုးမရှိ ၅ ပွဲ ဆက်တိုက် မှတ်တမ်းရခဲ့တဲ့ ဂိုးသမား ကီပါက ယုံကြည်မှုတွေ တိုးပွားလာနေပြီး အသင်းအတွက် အကူအညီပေးနိုင်လို့ ကျေနပ်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ကော်နာ ဂလယ်ဟာ ကို လူစားလဲခဲ့တာက ဒဏ်ရာကြောင့် မဟုတ်ဘဲ ကစားသမားက နေမကောင်းတာကြောင့် ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပြီး မကြာခင် ကြံ့ခိုင်မှု ပြန်ပြည့်လာဖို့ မျှော်လင့်ရပါတယ်။

ချယ်ဆီးအသင်းဟာ နောက်နှစ် နွေမှာ ထိပ်တန်း ကွင်းလယ်သမား တစ်ဦး ခေါ်ယူဖို့ စီစဉ်နေပြီး အဓိက ပစ်မှတ် အဖြစ် ဂျု့ဒ် ဘယ်လင်ဟမ် လို့ သတ်မှတ်ထားပါတယ်။ ၎င်းကို မရခဲ့ရင် နောက်ထပ် ထိပ်တန်း ပစ်မှတ် အဖြစ် ဝက်စ်ဟမ်းရဲ့ ဒီကလန်ရိုက်စ်ကို ချိန်ရွယ်နေပါတယ်။

ချယ်ဆီးရဲ့ ပူးတွဲပိုင်ရှင် ဂျိုနသန် ဂိုးစတိန်း က စတန်းဖို့ဘရစ်ချ်ကို နောက်နှစ်ထဲမှာ ပြင်ဆင်တိုးချဲ့ဖို့ ရှိကြောင်းနဲ့ မော်ဒန်ခေတ် ပုံစံ အသက်သွင်းမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ဘရိုက်တန် တောင်ပံ တိုက်စစ်သမား ထရိုဆက်က ချယ်ဆီးနဲ့ ချိတ်ဆက်နေတဲ့ သတင်းတွေ ထွက်နေပေမယ့် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှ ပြောဆိုမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ချယ်ဆီး ကစားသမား ရူဘန် လော့ဖ်တပ်ချိခ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်နေပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ဖို့ အံ့အားသင့်ဖွယ် ရွေးချယ်သွားဖွယ် ရှနေပါတယ်။

ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်က ညက ပွဲမှာ ပိုကောင်းတဲ့ တစ်သင်း အနိုင်ရမယ် ဆိုရင် သူ့အသင်းက အနိုင်ရခဲ့သင့်ကြောင်း ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။