ချယ်ဆီးအသင်းဟာ ကစားသမား ခေါ်ယူရေးအတွက် ပူးတွဲ ဒါရိုက်တာ အဖြစ် ဂျိုရှီးစ် ကို ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားပါတယ်။ ရှီးစ်ဟာ ဆောက်သမ်တန်ကနေ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။
အထင်ကြီးလောက်ဖွယ် ခြေစွမ်းတွေ ပြနေတဲ့ ကွင်းလယ်သမား ကိုဗာဆစ်ကို ချယ်ဆီးအသင်းဟာ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပြီး လာမယ့် ဇန်နဝါရီမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်း ပရိသတ်တွေက ဂျော်ဂျင်ဟို ဆဲလ်ဘတ်နဲ့ ပွဲမှာ အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ အပေါ် အံ့အားသင့် မေးခွန်းထုတ်ခဲ့ကြပြီး UEFA ကတော့ အီတလီသားရဲ့ ဘောလုံး ဖြန့်ဝေနိုင်စွမ်းနဲ့ ဦးဆောင် အရည်အသွေးတို့ကြောင့် ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ နယူးကာဆယ်မှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်သမား ဘရူနို ဂွီးမားရက်စ် ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စုံစမ်းနေပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ၎င်းရဲ့ လက်ရှိ ကာဆယ်နဲ့ စာချုပ်က ၂၀၂၃ ဇွန်မှာ ကုန်ဆုံးမှာပါ။
လိုက်ပ်ဇစ် ကစားသမား အန်ကွန်ကူ ကို နောက်နှစ်မှာ ခေါ်ယူဖို့ အတွက် ချယ်ဆီးအသင်းဟာ မူအားဖြင့် သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။
အင်္ဂလန် ကစားသမားဟောင်း စတူးဝပ် ပီးယာ့ဇ်ကတော့ ချယ်ဆီး ကွင်းလယ်သမား လော့ဖ်တပ်ချိစ် ကို ကာတာ ကမ္ဘာ့ဖလား ပွဲ အတွက် မရွေးချယ်သင့်ကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်အား သတိပေးသွားခဲ့ပါတယ်။
