ဘာစီလိုနာနဲ့ ယူရိုပါလိဂ် ပ-အကျော့ ပွဲစဉ်ကို လိုက်ပါသွားမှာ မဟုတ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသား

ယူနိုက်တက် ဗဟိုခံစစ်မှူး မာတီနက်ဇ်ဟာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ် ပထမအကျော့ ပွဲစဉ်ကို လွဲချော်သွားမယ်လို့ သိရပါတယ်။

အဆိုပါပွဲစဉ်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နူးကမ့်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ ရီးရဲလ် ဆိုစီဒက်ကို ရင်ဆိုင်ရတဲ့ ယူရိုပါလိဂ် အုပ်စုအဆင့် ပွဲစဉ်မှာ ဒီရာသီ သူ့ရဲ့ သုံးကြိမ်မြောက် အဝါကဒ်ကို ရခဲ့တာကြောင့် play-off ပွဲကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အတွက် ပွဲတိုင်း ပါဝင်ကစားထားတဲ့ မာတီနက်ဇ်ဟာ ဒုတိယအကျော့အဖြစ် ဖေဖော်ဝါရီလ ၂၃ ရက် အိုးထရတ်ဖိုဒ့်က ပွဲစဉ်မှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ မာတီနက်ဇ် လွဲပေမယ့်လို့ အခြားသော ခံစစ်မှူးဖြစ်တဲ့ ဗာရန်းကတော့ ပါဝင်နိုင်ဖို့ မျှော်လင့်ရပါတယ်။

မာတီနက်ဇ်ဟာ ကြားရက် ကာရာဘောင်းပွဲမှာ အနားပေးခံရဖွယ် ရှိနေပြီး တနင်္ဂနွေနေ့ ဖူလ်ဟမ်နဲ့ ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်ပွဲမှာ ပြန်လည် ပါဝင်သွားဖွယ် ရှိပါတယ်။

အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ဟာ ဒီလမှာ ယှဉ်ပြိုင်ရမယ့် ကာတာ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှု ကောင်းကောင်း လုပ်နိုင်ရေးနဲ့ ဒဏ်ရာ ပြဿနာ ရှောင်ရှားနိုင်ရေးအတွက် နိုဝင်ဘာ ၁၂-၁၃ ရက် ပရီးမီးယားလိဂ် နောက်ဆုံးအပတ် ပွဲတွေမှာ သူတို့ ကစားသမားတွေ ထည့်မသုံးဘဲ အနားပေးဖို့ တောင်းဆိုထားခဲ့ပါသေးတယ်။

ဒါပေမယ့် ယူနိုက်တက် အပါအဝင် အင်္ဂလန်ကလပ်တွေက လက်ရွေးစင်အသင်းရဲ့ တောင်းဆိုမှုကို ငြင်းဆန်ပြီ ကစားသမားတွေကို ပွဲထွက်ကနေ ထုတ်သုံးသွားဖွယ် ရှိနေကြတာ ဖြစ်ပါတယ်။