မန်ချက်စတာ ယူနိုက်တက်ကို စပွန်ဆာပေးထားတဲ့ TeamViewer ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ဦး က သူတို့ရဲ့ ယူနိုက်တက်မှာ ရင်းနှီးမြှုပ်နှံထားတာရဲ့ အကျိုးအမြတ်ကို သေချာစိစစ်ဖို့ တောင်းဆိုထားပြီ လို့ သိရပါတယ်။ TeamViewer ရဲ့ ဘဏ္ဍာရေး အခြေအနေက သိပ် မကောင်းမွန်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ပြန် ဆန်းစစ်ဖို့ တောင်းဆိုနေကြပါတယ်။
စီ ရော်နယ်ဒို အခုလို အင်တာဗျူး ထ လုပ်လိုက်တာဟာ ကစားသမားက သူ့အတ္တမာန ကို အနည်းငယ် ထိခိုက်ခံထားရလို့ ပြန် တုန့်ပြန်ခဲ့တာ ဖြစ်မယ်လို့ ယုံကြည်ကြောင်း တိုက်စစ်မှုးဟောင်း ဂျာမိန်း ဒီဖိုးက ဘီဘီစီမှာ သုံးသပ်ခဲ့ပါတယ်။
ပီးယာ့ဇ် မော်ဂန်ကတော့ သူ့ရဲ့ စီ ရော်နယ်ဒိုနဲ့ အင်တာဗျူး ပြီးတဲ့နောက် ပေါ်တူဂီသားဟာ အာဆင်နယ် ကို ဒီရာသီ ပရီးမီးယားလိဂ် ဖလား ရယူပေးနိုင်တဲ့သူ လို့ ယုံကြည်နေပြီး ဂန်းနားတို့ ခေါ်ယူစေလိုနေပါတယ်။

PSV အသင်းဟာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှုး ကိုဒီ ဂတ်ပို ကို ဇန်နဝါရီမှာတင် ထွက်ခွာခွင့် ပေးလိုကြောင်း သတင်း ထွက်နေပါတယ်။
ရော်နယ်ဒိုရဲ့ အင်တာဗျူး ဒုတိယပိုင်း ထပ်မံ ထွက်ပေါ်လာပြီး ထိုထဲမှာ နည်းပြတန်ဟက်ရဲ့ သူ့ကို အရေးထားတယ် ဆိုတဲ့ စကားလုံးတွေက မီဒီယာတွေရှေ့ ကြားကောင်းရုံ ပြောတာ သက်သက်ပဲ ဖြစ်ကြောင်း ဆိုထားခဲ့ပါတယ်။
ဒါ့အပြင် နွေမှာ သူ့ကို ခေါ်လိုတဲ့ ကလပ် မရှိဘူးလို့ သတင်းတွေ ဖော်ပြတာတွေက အမှားသက်သက်သာ ဖြစ်ပြီး တစ်ရာသီ ၃၂ ဂိုး သွင်းနိုင်နေသေးတဲ့ သူ့ကို မလိုချင်တဲ့ အသင်း မရှိဘူးလို့ ပေါ်တူဂီသားက ဆိုခဲ့ပါတယ်။
