ပေါ်တူဂီ နည်းပြ ရာထူးမှ ဖာနန်ဒို ဆန်းတို့စ် ထုတ်ပယ်ခံလိုက်ရပြီးနောက် ပေါလို ဖွန်ဆီကာ က နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။
အာဆင်နယ် အသင်းဟာ ပါးမီးယက်စ် ကွင်းလယ် ကစားသမား ဒန်နီယိုလို ဒို ဆန်းတို့စ် ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ၎င်းကို အခြား ဥရောပ ထိပ်သီးကလပ်တွေကလည်း စောင့်ကြည့်နေတာကြောင့် ဂန်းနားတို့ ခပ်သွက်သွက် လှုပ်ရှားလိုနေတာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေတလျောက်လုံး ကြိုးစားခဲ့တဲ့ ဘာစီလိုနာ ကွင်းလယ် ဒီယောင်းကို ထပ်မံ ကြိုးစားဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ် ကိုပါ ခေါ်ယူဖို့ လှုပ်ရှားမယ် လို့ သိရပါတယ်။

ဒေါ့မွန်တိုက်စစ် မိုကိုကို ကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး အပြင် ချယ်ဆီးလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။
အာဆင်ဝင်းဂါးဟာ ဖီဖာ အဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီးကတည်းက ဦးနှောက်ဆေးခံလိုက်ရပြီး ကြောင်တောင်တောင် ထုတ်ပြန်ချက်တွေ လုပ်နေတယ်လို့ နော်ဝေနည်းပြ ဆိုလ်ဘက်ကန်က ဝေဖန် ပြောဆိုခဲ့ပါတယ်။
ဝါရင့်နည်းပြ ကွန်တီဟာ ဂျူဗင်တပ် အသင်းထံကို နည်းပြအနေနဲ့ ပြန်၊ မပြန်ဆိုတာ မဆုံးဖြတ်ခင် ၁၀ ခါလောက် သေချာ ပြန်စဉ်းစားဦးမှာ ဖြစ်ပါတယ်။
ဆော်ဒီဟာ ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့ဖလားရော အိုလံပစ်ကိုပါ လက်ခံကျင်းပဖို့ ကြိုးစားနေပြီး ၂၀၃၀ ကမ္ဘာ့ဖလား ကျရင် အီဂျစ်၊ ဂရိစ်တို့နဲ့ ပူးတွဲ အိမ်ရှင်ဖြစ်ဖို့ အလားအလာရှိနေပါတယ်။

အစ္စကိုဟာ အရန်လူနေရာ ပို့ခံထားရပြီး ဆီဗီလာက သူ့ကို ရောင်းချဖို့ ဆန္ဒရှိနေတယ်တာကြောင့် အာဆင်နယ် က အခြေအနေကို စောင့်ကြည့်နေပါတယ်။
ဂျက်ဆီလင်ဂတ်ဟာ သူ့ရဲ့ ကွင်းပြင်ပ စိတ်ဝင်စားမှုတွေကြောင့် အနှောင့်အယှက်ဖြစ်ရတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေ ပေမယ့်လဲ သူ့အနေနဲ့ နားလည်မှုလွဲခဲ့ကြောင်း ဝန်ခံခဲ့ပြီး ကစားရတာ၊ လေ့ကျင့်ရတာကို ကြိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့ဖလားမှာ အထင်ကြီးစရာ ကောင်းခဲ့တဲ့ ဗီလာရီးရဲနဲ့ ဆီနီဂေါ တိုက်စစ်မှူး ဘူလာယီ ဒီယာကို အဲဗာတန် က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
