အသင်းလက်မဲ့ ဖြစ်နေတဲ့ စတီဗင် ဂျရတ်ဟာ ပိုလန်လက်ရွေးစင် အသင်း နည်းပြ ရာထူး အတွက် ပိုလန် အက်ဖ်အေနဲ့ ဆွေးနွေးနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့ဟာ ရီးရဲလ်ဘက်တစ် တောင်ပံ တိုက်စစ်သမား Luiz Henrique ကို အပြိုင် စိတ်ဝင်စားနေကြောင်း သတင်းထွက်လာပါတယ်။
လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ ဆော်ဒီကလပ် နှစ်သင်း ဖြစ်တဲ့ Al-Hilal နဲ့ Al-Ittihad အသင်းတို့က အပြိုင် ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိနေပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ထားတဲ့ မက်ဆီကို ဆော်ဒီကလပ်တွေက တစ်နှစ် လုပ်ခ ပေါင် ၃ဝ၆ သန်း ထိ ပေး ကမ်းလှမ်းဖို့ ရည်ရွယ်နေကြတာပါ။

အာဆင်နယ်အသင်းဟာ ရီးရဲလ် ဗယ်လာဒိုလစ် ညာစွန် နောက်ခံလူ အိုင်ဗန် ဖရက်စ်နီဒါ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနက ဖော်ပြလာပါတယ်။ အသက် ၁၈ နှစ် အရွယ် ကစားသမားလေး ကို ဥရောပ ကလပ်အသင်း တော်တော်များများ စောင့်ကြည့်နေကြပြီး နယူးကာဆယ်လည်း ပါဝင်ပါတယ်။
ဗီလာရီးရဲလ် အသင်းထံမှ ခွင့်ပြုချက် ရထားတဲ့ ဒန်ဂျူးမားက ဇန်နဝါရီမှာ အသင်းသစ် ရှာဖို့ အင်္ဂလန်သို့ ရောက်နေပြီး ပရီးမီးယားလိဂ် ကလပ်တွေထံ အငှား ထွက် ကစားဖို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။
ရှက်တာဒိုးနက် တောင်ပံ ကစားသမား မူဒရစ်က ဒီ တနင်္ဂနွေနေ့မှာ ချယ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ အတွက် ဆေးစစ်မှု ခံယူမှာ ဖြစ်ပြီး ချယ်ဆီးကလည်း တရားဝင် မိတ်ဆက် ကြေညာပေးတော့မှာပါ။

ချယ်ဆီး၊ အာဆင်နယ်နဲ့ အင်တာမီလန် အသင်းတို့ဟာ ဗလင်စီယာ ကွင်းလယ် ကစားသမား Yunus Musah ကို အပြိုင် စောင့်ကြည့်နေကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်ထားပါတယ်။
အီဒင် ဟာဇက်က ရော်နယ်ဒို ပြောင်းသွားတဲ့ ဆော်ဒီကလပ် အယ်နာဆာ အသင်း နည်းပြ ရူဒီ ဂါစီယာနဲ့ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးခဲ့ကြောင်း သတင်းထွက်ပေးလာပါတယ်။
တော့တင်ဟမ် စပါးအသင်းဟာ စပို့တင်း အစွန်ခံစစ်သမား ပီဒရို ပိုရို ကို စိတ်ဝင်စားနေပြီး ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေကြောင်း သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။
