ဟာလန်း ကိစ္စ ပြောလာရတဲ့ ပက်၊ အသင်းဖော်ဟောင်းနဲ့ ပြန်ဆုံမယ့် ရော်နယ်ဒို၊ လစာ ၂ဆပေးတဲ့ ချယ်ဆီးနဲ့ ထူးခြား ဘောလုံးသတင်းတိုများ

ဝက်စ်ဟော့ဟာ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ် အသင်းနဲ့ လေ့ကျင့်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် ပွဲဦးထွက်ရနိုင်ဖွယ် ရှိပါတယ်။

ဒီရာသီ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဖလားမျှော်လင့်ချက် အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဗာရန်းက ဘာမဆို ဖြစ်နိုင်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ချယ်ဆီးဟာ မူဒရစ် အတွက် အာဆင်နယ်ရဲ့ ကြိုးပမ်းမှုကို အောင်မြင်စွာ ကြားဖြတ်နိုင်ခဲ့ပြီး ဂန်းနားတွေရဲ့ လစာ ကမ်းလှမ်းမှုထက် ၂ဆပေး ခေါ်ယူခဲ့ပါတယ်။

ချယ်ဆီး၊ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ဂျူ့ဒ်ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ အားတက်စရာ ရှိခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်း ဂိုးသမား နက်ဗက်ဟာ အယ်နာဆာ အသင်းရဲ့ ချိတ်ဆက်မှု ခံနေရပြီး မကြာခင် ပြန်လည် ဆုံဆည်းကြဖွယ် ရှိနေပါတယ်။

မန်စီးတီးအနေနဲ့ သူတို့ရဲ့ ကစားကွက်မှာ ဟာလန်း ပိုပြီးပါဝင်နိုင်မယ့် နည်းလမ်းတစ်ခု ရှာဖွေမှရမယ်လို့ ပက် ဂွာဒီယိုလာ က ဝန်ခံခဲ့ပါတယ်။

ပယ်လစ်စထွီဟာ မန်ချက်စတာဒါဘီ လူစာရင်းမှာ မပါဝင်ခဲ့ပေမယ့်လဲ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ၎င်းကို အသင်းမှာ ဆက်ထိန်းထားချင်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ စောင့်ကြည့်မှုကို ခံနေရတဲ့ မန်ချက်စတာ ယူနိုက်တက် လူငယ် ကြယ်ပွင့်လေး ဂနာချိုက သက်တမ်းတိုး စာချုပ်သစ် ဆွေးနွေးမှုကို ဆိုင်းငံ့ထားပါတယ်။

လီဗာပူးဟာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရေအကျဘက်ကို ရောက်ရှိနေပြီလို့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ပြောဆိုလိုက်ပါတယ်။

မြောက်လန်ဒန် ဒါဘီအပြီး စပါးပရိသတ်တစ်ယောက်ဟာ အာဆင်နယ်ဂိုးသမား ရမစ်ဒေးကို တိုက်ခိုက်ခဲ့တဲ့အတွက် စပါးအသင်းဟာ အက်ဖ်အေနဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ စပိန်နောက်ခံလူ ဖရက်စ်နီဒါကို ခေါ်ယူဖို့ အရှိန်မြှင့်တင်လာခဲ့ပါတယ်။

အာဆင်နယ်ဟာ စပါးကို ၂-၀ နဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်မှာ ၈မှတ် ဖြတ်ထားနိုင်ခဲ့တဲ့နောက် အာတီတာက ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်ဖို့ အမှတ် ၉ဝ ထိ ရယူရန် ရည်မှန်းထားပါတယ်။

မားကပ် ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တယ်လို့ အသင်းဖော် ဘရူနို ဖာနန်ဒက်စ်က ယုံကြည်နေပါတယ်။