မန်ချက်စတာ ယူနိုက်တက်ဟာ စပါးတိုက်စစ်မှုး ဟယ်ရီ ကိန်း ကို လာမယ့်နွေမှာ ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။ တိုက်စစ်မှုးသစ် တစ်ဦး ခေါ်ယူရမယ့် ယူနိုက်တက်ဟာ ကိန်းက သူတို့ တိုက်စစ် ပြသနာတွေကို ဖြေရှင်းနိုင်မယ့် သူ လို့ ယုံကြည်နေပါတယ်။
အဲဗာတန်အသင်းဟာ ဗီလာရီးရဲလ်ထံမှ ဒန်ဂျူးမားကို ရာသီကုန်ထိ အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။ အငှားစာချုပ်မှာ အပြီးသတ် ခေါ်ယူခွင့် ထည့်သွင်း မထားပါဘူး။
ချယ်ဆီးဟာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုအတွက် ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းမှု ပေးပို့ခဲ့ပေမယ့် ချက်ချင်းပဲ ပယ်ချခံခဲ့ရပါတယ်။

မြောက်လန်ဒန် ဒါဘီမှာ အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးနဲ့ အချင်းများခဲ့တဲ့ စပါးတိုက်စစ်မှူး ရစ်ချာလီဆန်ဟာ ပြစ်ဒဏ်ပေးခြင်း ခံရမှုကနေ လွတ်မြောက်သွားဖို့ ရှိပါတယ်။
ဂျက်ဆီလင်ဂတ်ဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝ အဆုံးသတ်မှာ အရက်နဲ့ နာကျင်မှုတွေကို ဖြေဖျောက်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
လက်စတာအသင်း ဟာ ဘရိုက်တန်နဲ့ပွဲ မတိုင်ခင် သူတို့ရဲ့ လျို့ဝှက် လေ့ကျင့်ရေး အချိန်တစ်ခုမှာ ကင်မရာ တပ်ဆင်ထားတဲ့ ဒရုန်းတွေ ပျံဝဲနေတာကို တွေ့ရတဲ့အတွက် အမျက်ထွက်နေပါတယ်။
ချယ်ဆီး၊ အာဆင်နယ် အသင်းတို့ရဲ့ အငှားခေါ်ဖို့ ချိတ်ဆက်ခံနေရတဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ကာမာဗင်ဂါ ဟာ အသင်းပြောင်းဖို့ မရှိဘူးလို့ ၎င်းရဲ့ အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

လက်စတာအသင်း ဟာ ဘရိုက်တန်နဲ့ပွဲ မတိုင်ခင် သူတို့ရဲ့ လျို့ဝှက် လေ့ကျင့်ရေး အချိန်တစ်ခုမှာ ကင်မရာ တပ်ဆင်ထားတဲ့ ဒရုန်းတွေ ပျံဝဲနေတာကို တွေ့ရတဲ့အတွက် အမျက်ထွက်နေပါတယ်။
ချယ်ဆီးအသင်းဟာ ကွင်းလယ်လူ ဘာကာယိုကို ကို ရှင်းထုတ်ဖို့ နီးစပ်နေပြီ ဖြစ်ပေမယ့် ပေါင် ၁၃.၅သန်းလောက် အရှုံးခံရနိုင်ပါတယ်။
မာဆေးမှာ ကစားနေတဲ့ ယူနိုက်တက် နောက်ခံလူဟောင်း အဲရစ်ဘာယီဟာ ပြိုင်ဘက်ကစားသမား အန်ဒီရာယီကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေမှုကြောင့် ၇ပွဲ ပယ်ခံလိုက်ရပါတယ်။
နော်တင်ဟမ်ဖောရက်စ် အသင်းဟာ ဒိုင်နမိုဇာဂရက် ဂိုးသမား လီဗာကိုဗစ်ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
