မန်ချက်စတာ ယူနိုက်တက်ဟာ ကလပ် စံချိန်တင် သက်တမ်းအရှည်ဆုံး စာချုပ် အဖြစ် လူငယ်ကြယ်ပွင့် ဂနာချို အား ၈ နှစ် သက်တမ်းရှိ စာချုပ်သစ် ကမ်းလှမ်းထားပါတယ်။
ဒါပေမယ့် ကစားသမားရဲ့ မိသားစုနဲ့ အကြံပေးတွေကတော့ လေးနှစ်ထက် ပိုတဲ့ စာချုပ် မချုပ်ဆိုဖို့ ဂနာချိုအား တိုက်တွန်းနေပါတယ်။
ဒီတနင်္ဂနွေနေ့ည အာဆင်နယ်နဲ့ အရေးကြီး ပွဲစဉ်မှာ မာရှယ်နဲ့ ဒီယေဂို ဒါလော့တို့လည်း လွဲချော်မှာပါ။ ၎င်းတို့ နှစ်ဦးလုံး လန်ဒန် ထွက်သွားတဲ့ ယူနိုက်တက် လူစာရင်းမှာ မပါဝင်ပါဘူး။

ဟယ်ရီ ကိန်းနဲ့ သတင်းထွက်နေပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂလန်သား ကို ခေါ်ယူရေး ဆွေးနွေးမှု စတင်ထားခြင်း မရှိသေးကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။
မက်ဂွဲရားရဲ့ ယူနိုက်တက် ကစားသမား ဘဝက ပြီးဆုံးသွားပြီ ဖြစ်လို့ ပွဲကစားခွင့် ရမယ့် အသင်းသစ် ရှာဖွေသင့်ပြီ ဖြစ်ကြောင်း စပါး ဂိုးသမားဟောင်းကြီး ပေါလ် ရော်ဘင်ဆင်က တိုက်တွန်းလိုက်ပါတယ်။
ဘစ်ဆာကာ ဟာ ရာသီ အစောပိုင်းမှာ ကြံ့ခိုင်မှု မပြည့်တာနဲ့ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရသော်လည်း အခုတော့ တိုးတက်မှုကောင်းတွေ ပြသနေပြီ ဖြစ်ကြောင်း နည်းပြ တန်ဟက် က ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။
