ချယ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို ကို လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ် အသင်းထံ ပေါင် ၁၂ သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။
ချယ်ဆီး တိုက်စစ်သမား ဇီယက်ချ် ဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပြီး ဆေးစစ်ဖို့ ပဲရစ် ရောက်နေပြီ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ ဘင်ဖီကာ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ် ကို ဇန်နဝါရီမှာတင် ခေါ်ယူနိုင်ရေးအတွက် ဗြိတိန်စံချန်တင်ကြေး ပေါင် ၁၀၅ သန်းဖြင့် ချိတ်ဆက်မှု လုပ်ထားခဲ့ပြီ ဖြစ်ပါတယ်။
အန်ဇို အပြောင်းအရွှေ့အတွက် ကလပ်အသင်း နှစ်သင်းကြား အကြိတ်အနယ် ဆွေးနွေးမှုတွေ ရှိနေကြောင်းလည်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။
အဲဗာတန်အသင်းဟာ ချယ်ဆီး ကွင်းလယ်လူ ကလယ်ဟာကို ဇန်နဝါရီမှာ ခေါ်ယူလိုပေမယ့် အင်္ဂလန်သားက ရာသီကုန်ထိ စတမ်းဖိုဒ့်ဘရစ်ချ်မှာပဲ ဆက်ရှိနေချင်ပါတယ်။
အသက် ၁၉ နှစ် အရွယ် ချယ်ဆီး လူငယ်ကွင်းလယ် ကစားသမားလေး Cesare Casadei ဟာ ချန်ပီယံရှစ်ကလပ် ရက်ဒင်းထံ အငှား ကစားဖို့ ထွက်ခွာသွားပါပြီ။ ၎င်းအတွက် အငှားစာချုပ်မှာ အပြီးသတ် ဝယ်ယူခွင့် ထည့်သွင်း မထားဘူးလို့ သိရပါတယ်။