ကာတာမှ Qatari ရင်းနှီးမြှုပ်နှံသူ အဖွဲ့ဟာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းမှု ဒီရက်ပိုင်း အတွက် ပြုလုပ်လာဖို့ ရှိကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြသွားပါတယ်။ ဂလေဇာ မိသားစုဟာ ယူနိုက်တက် ကို ရောင်းချဖို့ ကြိုးစားနေပြီး ကမ်းလှမ်းမယ့်သူတွေလည်း တန်းစီနေပါတယ်။
ချယ်ဆီး ဝါရင့်နောက်ခံလူကြီး သီယေဂို ဆေးဗားက ဇန်နဝါရီမှာ ရောက်လာခဲ့တဲ့ အသင်းဖော်သစ်တွေအား ရှိသမျှ အားကုန်ထုတ် ကြိုးစားမှသာ ဒီရာသီ ချယ်ဆီး အဆုံးသတ် လှပမယ်လို့ သတိပေးလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြင်သစ်ကလပ် Reims အသင်းမှာ အငှား ကစားရင်း ခြေစွမ်းပြ ဂိုးတွေသွင်းနေတဲ့ တိုက်စစ်မှုး ဘာလိုဂန် ကို ပြန်ခေါ်မယ့် အစား ရောင်းချဖို့ ရည်ရွယ်နေပါတယ်။ ဘာလိုဂန်ဟာ လီဂူးဝမ်းမှာ အမ်ဘတ်ပီ၊ မက်ဆီ တို့ကို ကျော်ပြီး ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေတာပါ။

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ဟာ လာမယ့်နွေမှာ ဖရန့်ဖတ်မှ တိုက်စစ်သမား ကိုလို မူအမ်နီ ကို ခေါ်ယူဖို့ လှုပ်ရှားမှုတွေ စတင်နေပါတယ်။ ဖရန့်ဖတ်က ပြင်သစ် လက်ရွေးစင် ကစားသမား အတွက် အစောက ယူရို သန်း ၈ဝ ဈေးခေါ်ခဲ့ပေမယ့် အခုချိန်မှာတော့ ယူရို သန်း ၁ဝဝ ထိ အလိုရှိနေပြီ ဖြစ်ပါတယ်။
နွေမှာ တိုက်စစ်မှုးသစ် ခေါ်ယူချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ စပါးမှ ဟယ်ရီကိန်းနဲ့ နာပိုလီမှာ အိုဆီဟန် တို့ကြား ဘယ်သူ့ကို ခေါ်ရမှန်း မသိဘဲ ဆုံးဖြတ်ရ ခက်နေကြောင်း တယ်လီဂရပ်ဖ်က ဖော်ပြသွားပါတယ်။
လိုက်ပ်ဇစ် နည်းပြဟောင်း ဒိုမီနီကို တီဒက်စ်ကို ဟာ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း နည်းပြ ဖြစ်လာဖို့ အတော် နီးစပ်နေပြီ ဖြစ်ပါတယ်။
မန်စီးတီး ကစားသမားဟောင်း၊ ရီးရဲလ် ဆိုဆီဒက် ကွင်းလယ် ကစားသမား ဒေးဗစ် ဆေးလ်ဗားဟာ ဆော်ဒီ ပရိုလိဂ် ကလပ် တစ်သင်း ထံကနေ မက်မောဖွယ် ကမ်းလှမ်းမှုကြီး တစ်ခု ရခဲ့ပေမယ့် စပိန်မှာ ဆက်နေဖို့ ရွေးချယ်လိုက်ပါတယ်။
