ဒေါ့မွန် ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ လီဗာပူးအသင်းရဲ့ အနာဂတ် ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေ ကို သေချာ သိလိုနေပြီး ဒီရာသီ ရုန်းကန်နေရတဲ့ လီဗာပူးအသင်းထံ ပြောင်းရွှေ့ရေး အလေးအနက် စဉ်းစားမှာ ဖြစ်ပါတယ်။
မန်စီးတီးကို အနိုင်ရတဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဒူးဒဏ်ရာရခဲ့တဲ့ စပါး ဂိုးသမား ဟူဂို လိုရစ်ဟာ ဒဏ်ရာကြောင့် ၂ လ လောက် အနားယူရတော့မယ်လို့ သိရပါတယ်။
တိုက်စစ်မှုးသစ် ခေါ်ချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ နာပိုလီမှ အိုဆင်ဟမ်နဲ့ စပါးမှ ဟယ်ရီကိန်းတို့ နှစ်ဦးထဲက တစ်ဦးကို လာမယ့် နွေအပြောင်းအရွှေ့မှာ ခေါ်ယူလိုနေပါတယ်။

ယူနိုက်တက်ကို ဝယ်ယူလိုတဲ့ ကာတာအဖွဲ့ဟာ အစိုးရနောက်ခံရှိတဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဓနအင်အားကြီး အဖွဲ့အစည်း မဟုတ်ဘဲ ပေါင် ၃၃၅ ဘီလျံ ကြွယ်ဝတဲ့ သီးသန့် အဖွဲ့အစည်းဖြစ်တယ်လို့ သိရပါတယ်။ ၎င်းတို့ ပိုင်ဆိုင်မှုအောက် ရောက်မယ်ဆိုရင် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယ အချမ်းသာဆုံး အသင်းပိုင်ရှင်တွေကို ပိုင်ဆိုင်ပါလိမ့်မယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ စွဲချက်တွေကို ခုခံရန် နာမည်ကြီး ရှေ့နေအဖွဲ့ကို ငှားရမ်းထားပြီး ဖြစ်သလို အသင်းသားတွေနဲ့ အေးဂျင့်တွေအား ဆုဖလား စိန်ခေါ်ရေးကိုပဲ အာရုံစိုက်ဖို့ အကြောင်းကြားထားပါတယ်။
လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ ကြံ့ခိုင်မှုပိုင်း ပြန်ကောင်းလာနေပြီဖြစ်ကာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်သွားဖို့ အခြေအနေ ကောင်းနေပြီ ဖြစ်ပါတယ်။
မန်စီးတီး ဘယ်အစွန်လူ ကန်ဆယ်လိုကို ရဖို့ ဘိုင်ယန်မြူးနစ်က အငှားကြေး ပေးစရာ မလိုခဲ့ဘဲ ရာသီကုန် အပြီးသတ် ခေါ်ယူမှ ယူရို သန်း ၇၀ ပေးရမှာ ဖြစ်ပါတယ်။
ဒေါ့မွန်အသင်းဟာ ဘယ်လင်ဟမ်ကို သက်တမ်းတိုးလိုပေမယ့် မဖြစ်နိုင်တော့မှန်း နားလည်ထားတာမို့ အစားထိုးစရာ ကစားသမားသစ် ရှာဖွေနေပြီ ဖြစ်ပါတယ်။
