ဂန်းနားတွေကို စိန်ခေါ်တဲ့ ရိုဒရီ၊ အမှားတွေ ဝန်ခံလာတဲ့ ဒိုင်အဖွဲ့ချုပ်၊ ထရော့ဆက်ကို ချီးကျူးခြင်းနဲ့ အာဆင်နယ် ထူးခြား သတင်းများ

မန်စီးတီး တိုက်စစ်မှုး ဟာလန်းဟာ မနေ့ညက ဗီလာနဲ့ ပွဲမှာ နာသွားခဲ့တာကြောင့် လူစားလဲခဲ့ရပြီး လာမယ့် ရက်တွေ အတွင်း စစ်ဆေးကာ အာဆင်နယ်နဲ့ ပွဲ ပါနိုင်မလား စောင့်ကြည့်သွားရမယ် လို့ စီးတီး နည်းပြ ပက် ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ချုပ် PGMOL ဟာ ဒီအပတ် ပွဲတွေမှာ VAR အမှားတွေ ရှိခဲ့လို့ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ရပြီး အာဆင်နယ်နဲ့ ဘရိုက်တန် အသင်းတို့အား တောင်းပန်စာပို့ခဲ့ကြောင်း သိရပါတယ်။

ဘရန့်ဖို့ဒ် ချေပဂိုးဟာ လူကျွံနေပေမယ့် ခွင့်ပြုခဲ့ပြီး ဒါဟာ VAR ဒိုင်လူကြီးရဲ့ အမှား၊ လူသား အမှား ဖြစ်ကြောင်း ဒိုင်အဖွဲ့က ဝန်ခံခဲ့ပါတယ်။

ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ အာဆင်နယ် အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့တဲ့ ထရော့ဆက်ကို ဂန်းနားဟောင်းကြီး အီယန်ရိုက်က သဘောကျ ချီးကျူးခဲ့ပါတယ်။

” အရန်ခုံကနေ ထပြီး ကွင်းထဲ ဝင်လာရင် တစ်ခုခု ပြောင်းလဲသွားအောင် လုပ်နိုင်တာမျိုး အသင်းက လိုအပ်ပါတယ်။ ဒါကြောင့် သူ့ကို ရလိုက်တာ သိပ်ကောင်းတဲ့ ခေါ်ယူမှုပဲ။

ထရော့ဆက်က ဒီလိုလယ်ဗယ်မျိုး စွမ်းဆောင်နိုင်တယ် ဆိုတာ ကျနော်တို့ သိတယ်လေ။ သူက ခံစစ်တွေဆီ တရွေ့ရွေ့ချဉ်းကပ်ပြီး ဂိုး ရအောင် သွင်းတော့တာ။ ” လို့ ရိုက်က ပြောဆိုခဲ့ပါတယ်။

မန်စီးတီး နောက်ခံလူ ရိုဒရီကတော့ အာဆင်နယ် ဟာ ဒီရာသီ မယုံနိုင်စရာ ကောင်းလောက် အောင် စွမ်းဆောင်နေတဲ့ အသင်းလို့ ချီးကျူးခဲ့ပေမယ့် စီးတီးရဲ့ အကောင်းဆုံး ဗားရှင်းနဲ့ အနိုင်ယူဖို့ အမ်းမရိတ် သွားမယ် လို့ ပွဲကြို စိန်ခေါ်လိုက်ပါတယ်။