အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မူဒရစ်ကို မခေါ်ယူဖြစ်ခဲ့တာ အတွက် အင်္ဂလန် သတင်းဌာနကြီး တစ်ခု ဖြစ်တဲ့ The Athletic က အခုလို ချီးကျူးသွားပါတယ်။
” မူဒရစ်ကို ချယ်ဆီး ခေါ်သွားတုန်းက အာဆင်နယ်က လှောင်ရယ်စရာ ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူတို့က ပြာမသွားဘဲ သူတို့ လုပ်စရာ ရှိတာကိုပဲ လုပ်ခဲ့လို့ အခု အဆင်ပြေနေပြီ။ အာဆင်နယ်က အပြောင်းအရွှေ့ လှုပ်ရှားမှုတွေမှာ တော်လာပြီ။ ” လို့ The Athletic ရဲ့ တွစ်တာကနေ ဖော်ပြသွားခဲ့တာပါ။
ဂန်းနားဟောင်းကြီး အီယန်ရိုက်က အာဆင်နယ် အနေနဲ့ ဆာလီဘာ ကို လုပ်နိုင်သမျှ အကုန်လုပ်ပြီး သက်တမ်းတိုးဖို့ တိုက်တွန်းလိုက်ပါတယ်။ လူတိုင်းက ဆာကာ၊ ဆာကာ လို့ ပြောနေကြပေမယ့် ဆာလီဘာ ကလည်း အရေးကြီး ကစားသမား ဖြစ်ကြောင်း ရိုက်က တိုက်တွန်းခဲ့တာပါ။

အသက် ၂ဝ အရယ် ဆယ်လ်တာ ဗီဂို ကွင်းလယ် ကစားသမား ဂါဘရီ ဗီဂါနဲ့ ပတ်သတ်ပြီး အာဆင်နယ် ပရိသတ်တွေ သတင်းစကား မေးမြန်းခဲ့ကြရာမှာ အပြောင်းအရွှေ့ ဂုရု သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုက အခုလို ဖြေကြားခဲ့ပါတယ်။
” သူ့ကို အသင်းကြီးတွေက ချိတ်ဆက်တယ်ပြောဖို့ စောနေသေးတယ်လို့ ကျနော် ထင်တယ်။ လာလီဂါမှာ ကောင်းကောင်း လုပ်ပြနေတဲ့ ပါရမီရှင် တစ်ဦး ဖြစ်လို့ ဗီဂါ ကို ထိပ်တန်း ကလပ် ၄-၅ သင်းက စောင့်ကြည့်နေတာ ရှိတယ်လို့တော့ သိရပါတယ်။ ဒါပေမယ့် အခု ခေါ်ဖို့ မဟုတ်ကြပါဘူး။ ” လို့ ရိုမန်နို က ရှင်းလင်း အသိပေးခဲ့တာပါ။
လာမယ့် ၂၀၂၃-၂၄ ရာသီ အတွက် အာဆင်နယ် အိမ်ကွင်းနဲ့ အဝေးကွင်း ဂျာစီတွေ ဆိုပြီး ဒီတလော အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ပုံတွေက အတုတွေပဲ ဖြစ်ကြောင်း သိရပါတယ်။ ထိုပုံရိပ်တွေက ခန့်မှန်း ရေးဆွဲနေကြတာ ဖြစ်ပြီး သုံးမယ့် အရောင်တွေ မှန်ကန်ပေမယ့် အသေးစိတ်က ကွဲပြားမှာ ဖြစ်ကာ ၇၅% လောက်ထိသာ နီးစပ်နိုင်တယ်လို့ သိရပါတယ်။
ချယ်ဆီးအသင်းမှာ အနာဂတ် မတည်မငြိမ် ဖြစ်လာတဲ့ အင်္ဂလန်သား တိုက်စစ်သမား ရာဟင်း စတာလင်ရဲ့ အခြေအနေ ကို အာဆင်နယ်က စောင့်ကြည့်နေတယ် လို့လည်း သတင်း ထွက်ပေါ်နေပါတယ်။
