မှတ်တမ်းရုပ်ရှင် ရိုက်မယ့် ဂျေးဆု၊ ဂန်းနားတို့ ခေါ်မယ့် တောင်ပံတိုက်စစ်၊ ဘာလိုဂန်ကို လုမယ့် မီလန်အသင်းများနဲ့ အာဆင်နယ် သတင်းများ

အာဆင်နယ် လူငယ် တိုက်စစ်သမား ဖိုလာရင် ဘာလိုဂန် ကို ခေါ်ယူဖို့ အေစီမီလန်နဲ့ အင်တာမီလန်တို့ အပြိုင် ထိပ်တိုက်တွေ့နေပါတယ်။ အသက် ၂၁နှစ် အရွယ် ကစားသမားလေးဟာ လက်ရှိ လီဂူးဝမ်း ကလပ် Reims အသင်းမှာ အငှား ကစားနေတာပါ။

ပြင်သစ်မှာတော့ ဘာလိုဂန်က ခြေစွမ်း အထူးပြနေပြီး မျှော်လင့်ချက်တွေထက်ကို သာလွန်အောင် စွမ်းဆောင်ပြထားပါတယ်။ ဒီရာသီ Reims အသင်း အတွက် ၁၆ ဂိုး သွင်းပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။

ဂျေးဆု ပြန်လာပြီ ဖြစ်ပေမယ့် အာဆင်နယ် နည်းပြ အာတီတာကတော့ ဘရာဇီးသားဟာ တခြား ကစားသမားတွေ နည်းတူ ပွဲကစားခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေပြသွားရမယ်လို့ ပြောဆိုခဲ့ပါတယ်။

မီခေးလ် အာတီတာရဲ့ အာဆင်နယ် အသင်းဟာ ကာလရှည် စောင့်ကြည့်နေတဲ့ လီဗာကူဆင် အံ့ဖွယ် လူငယ်လေး မိုဆာ ဒီယာဘီ ကို ခေါ်ယူဖို့ အသင့် ဖြစ်လာခဲ့ပါပြီ။ တောင်ပံ ကစားသမားလေး ကိုယ်တိုင်ကလည်း လာမယ့်နွေမှာ အာဆင်နယ်သို့ ပြောင်းရွှေ့ချင်နေပါတယ်။

အပြောင်းအရွှေ့ ဂုရု ရိုမန်နို အဆိုအရ အသက် ၂၃ နှစ် အရွယ် ဒီယာဘီကို နယူးကာဆယ် အသင်းကလည်း စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။

တိုက်စစ်မှုး ဂါဘရီရယ် ဂျေးဆု ဟာ လက်ရှိ ဒူးဒဏ်ရာကနေ သက်သာလာတဲ့ အခြေအနေကို အာဆင်နယ်နဲ့ Adidas တို့ ပူးပေါင်းပြီး မှတ်တမ်းတင် ဇာတ်လမ်း ရိုက်ကူးသွားမယ်လို့ တနင်္လာနေ့က ကြေညာသွားခဲ့ပါတယ်။

ဒီမှတ်တမ်း ဗီဒီယို ဟာ ကမ္ဘာ့ဖလား ကာလ ဘရာဇီးအသင်းနဲ့ အတူ ရှိစဉ် ဒူးဒဏ်ရာ ရတာကနေ ပြန်လည် ကောင်းမွန်လာတဲ့ ပုံစံကို အဓိကထား ပုံရိပ်ဖော်သွားမှာပါ။