မတ်လ အကောင်းဆုံးများ၊ ရွန်းနီ ရွေးချယ်မှု၊ လိဒ်စ်နဲ့ ပွဲ မပါနိုင်သူများနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

မန်စီးတီးထက်စာရင် အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရသွားတာ မြင်ရဖို့ မျှော်လင့်ထားတယ်လို့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဝိန်းရွန်းနီက ဆိုပါတယ်။

အာဆင်နယ် နည်းပြ အာတီတာဟာ ဒီရာသီမှာ တလတာ အကောင်းဆုံး မန်နေဂျာဆုကို ၄ ကြိမ် ရခဲ့ပြီဖြစ်ကာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတုန်းက စံချိန်တင်အဖြစ် ၅ ကြိမ် ရခဲ့တဲ့ လီဗာပူးနည်းပြ ကလော့ပ်ကို လိုက်မီဖို့ ၁ ကြိမ်စာပဲ လိုပါတော့တယ်။

ဆာကာဟာ သူ့ဘဝရဲ့ ပထမဆုံးအဖြစ် ပရီးမီးယားလိဂ် တလတာ အကောင်းဆုံး ကစားသမားဆု ကို မတ်လအတွက် စတင် ရရှိခဲ့ပြီဖြစ်ပါတယ်။

ဆာကာ အပြင် အာဆင်နယ် ဂိုးသမား ရမ်စ်ဒယ် ကလည်း မတ်လအတွက် အကောင်းဆုံး ဂိုးပေါက် ကာကွယ်သူ ဂိုးသမားဆုကို လက်ခံရရှိခဲ့ပါတယ်။

ဆာလီဘာနဲ့ အန်ကတ်တီးယားတို့ဟာ လိစ်ဒ်ကို ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်အသင်း လူစာရင်း အတွင်း မပါဝင်ခဲ့ပါဘူး။ ကျန်တဲ့ ကစားသမားတွေတော့ လူစုံ ပါဝင်ခဲ့ပါတယ်။

တိုက်စစ်မှူး ဂျေးဆုဟာ ရာနှုန်းပြည့် အသင်းအတွက် ကစားပေးဖို့ အတော်လေး နီးစပ်နေပြီဖြစ်ကြောင်း နည်းပြအာတီတာက ထုတ်ပြောလာပါတယ်။

အာဆင်နယ်ဟာ ဒီနွေမှာ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူရေးအတွက် ပါဝင် ယှဉ်ပြိုင်သွားမှာ မဟုတ်ဘဲ အခြားပစ်မှတ်တွေကို အာရုံစိုက်မှာ ဖြစ်ပါတယ်။