လီဆန်ဒရို ထရော့ဆက် ဟာ အာဆင်နယ်အသင်းရဲ့ မတ်လ အကောင်းဆုံး ကစားသမား ဆု ကို ရရှိခဲ့ပါတယ်။
ဒီဆု အတွက် ဆာကာနဲ့ မာတင်နယ်လီ တို့လို ပရိသတ် အချစ်တော် ကစားသမားတွေအား ကျော်ဖြတ်ပြီး 39% သော vote တွေနဲ့ ရရှိသွားခဲ့တာပါ။
စပိန်သတင်းတွေ အဆိုအရတော့ အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ချူဝါမန်နီ ကို ချိန်ရွယ်နေကြောင်း သိရပါတယ်။
ဂန်းနားဟောင်းကြီး အီယန် ရိုက်ကတော့ လာမယ့် ပွဲစဉ်မှာ အာဆင်နယ်က လီဗာပူးကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း ကြိုတင် သုံးသပ်လိုက်ပါတယ်။

အာဆင်နယ် ဒါရိုက်တာ အီဒူးက လာမယ့်နွေမှာ အမန်ဒူ အိုနာနာ ကို ခေါ်ယူဖို့ အဲဗာတန် အသင်းနဲ့ ပြောဆို ဆွေးနွေးနေပါတယ်။
အိုနာနာ ကို ဒီကလန်ရိုက်စ် မရရင် ခေါ်ယူဖို့ အစားထိုး ပစ်မှတ် အဖြစ် အာဆင်နယ်က စတင် ချိန်ရွယ်ခဲ့တာပါ။ ဒါပေမယ့် ၎င်းရဲ့ ဒီရာသီ တောက်ပတဲ့ ခြေစွမ်းကြောင့် ဂန်းနားတို့ ပိုပြီး အာရုံစိုက်လာပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းကတော့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အာဆင်နယ်က ရဖို့ ရေပန်းအစားဆုံး၊ အလေးအသာဆုံး ဖြစ်ပေမယ့် သူကတော့ မန်စီးတီး ကိုပဲ အခုထိ ချန်ပီယံဖြစ်မယ် ထင်နေတုန်းပဲ လို့ ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဂါလာတာစာရေး ကစားသမား Sacha Boey ကို စောင့်ကြည့် နေပါတယ်။ ညာစွန် နောက်ခံလူ ကို လာမယ့်နွေမှာ ခေါ်ဖို့ အာဆင်နယ် လှုပ်ရှားလာဖွယ် ရှိပါတယ်။
