မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ လီဗာကူဆင် အစွန်နောက်ခံလူ ဖရင်းပေါင်ကို ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ကပါ စိတ်ဝင်စား ချိတ်ဆက်နေပါတယ်။
လိဒ်စ် ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ ဝါရင့်နည်းပြဟောင်းကြီး ဘီယက်ဆာ ကို ဥရုဂွေး လက်ရွေးစင် အသင်းက နည်းပြ အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးနေပြီး အပြီးသတ် အဆင့် ရောက်ရှိနေပါပြီ။
တူချယ် ဘိုင်ယန်နည်းပြ ဖြစ်လာပြီးနောက် ကိုင်ဟာဗက်ဇ် အသင်းပြောင်းသွားဖွယ် ရှိတယ်လို့ သတင်းကြီးလာပေမယ့် ကစားသမားကတော့ ချယ်ဆီးနဲ့ စာချုပ် ၂နှစ်ရှိသေးပြီး လန်ဒန်မှာ အခြေကျ ပျော်ရွှင်နေတယ်လို့ ပြောဆိုလာပါတယ်။

ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန် ကို အက်စတွန်ဗီလာ အသင်းက ပေါင် သန်း ၃ဝ နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဗီလာဂိုးသမား မာတီနက်ဇ်ဟာ လာမယ့်နွေမှာ အသင်းပြောင်းဖွယ် ရှိနေပါတယ်။
ဒေးဗစ် မိုယက်စ်ရဲ့ နည်းပြထိုင်ခုံကတော့ လှုပ်နေပြီ ဖြစ်ပြီး ဝက်စ်ဟမ်း အသင်းဟာ ချယ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာကို အစားထိုး ခန့်အပ်လိုနေပါတယ်။
နယူးကာဆယ်နဲ့ စပါးအသင်းတို့ ချိတ်ဆက်လာနေတဲ့ ကွင်းလယ် ကစားသမား ဂျိမ်းစ် မက်ဒီဆင် အတွက် ပေါင် သန်း ၅ဝ လို့ ဈေးသတ်မှတ်လိုက်ပါတယ်။ ဒီတန်ကြေးဟာ မျှတတဲ့ ပမာဏ လို့ သုံးသပ်နေကြပါတယ်။

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်တွေ ဖြစ်တဲ့ မိုဒရစ်၊ ဘန်ဇီမာနဲ့ ခရူးစ်တို့ဟာ နောက်ရာသီလည်း မက်ဒရစ်မှာ ဆက်ရှိမယ်လို့ ယုံကြည်ကြောင်း နည်းပြ အန်ဆယ်လော့တီ က ထုတ်ဖော် ပြောဆိုလာပါတယ်။
ဒါ့အပြင် ကာလို့စ် အန်ဆယ်လော့တီဟာ သူ့အတွက် ဘယ်တော့မှ သွားမှာ မဟုတ်တဲ့ အသင်းက ဘာစီလိုနာ ဖြစ်တယ်လို့ပါ ဆိုလိုက်ပါတယ်။ သူ့သမိုင်းက ရီးရဲလ်မက်ဒရစ် ဖြစ်ပြီး ကမ္ဘာ့ အကောင်းဆုံး ကပ် လို့ပါ ၎င်းက ဝံ့ကြွားခဲ့တာပါ။
ချယ်ဆီးအသင်းကတော့ အန်ဆယ်လော့တီသာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲမယ် ဆိုရင် နောက်ရာသီမှာ ၎င်းကို နည်းပြ အဖြစ် ခန့်အပ်လိုနေပါတယ်။
ယူနိုက်တက်ဟာ အာဆင်နယ် ဂိုးသမားဟောင်း၊ လက်ရှိ ဂျူဗင်တပ်မှာ ကစားနေတဲ့ ဆက်ဇီနီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
