ချယ်ဆီးတို့ ဝုဗ်ဆီကနေ အနိုင်သုံးမှတ် ယူနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ဘာဘာတော့ဗ်

ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဉ်တွေကိုတော့ ဒီည တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၉း၃၀ နာရီ အချိန်မှာ တပြိုင်နက် ယှဉ်ပြိုင် ကြတော့မှာ ဖြစ်ပြီး ချန်ပီယံ ထွက်ပေါ်ပြီး ဖြစ်တဲ့ ပြိုင်ပွဲဆိုပေမယ့် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဆင့် ၃၊ ၄ နှစ်နေရာ အဆုံးအဖြတ် မထွက်ပေါ်သေးတာကြောင့် ရင်ခုန်စရာတွေ ရှိနေပါသေးတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ ယူနိုက်တက်၊ ချယ်ဆီးနဲ့ လက်စတာတို့က အဆင့် ၂၊ ၄၊ ၅ မှာ အမှတ်မကွာလှဘဲ ရပ်တည်နေတဲ့ အပြင် ယူနိုက်တက် လက်စတာတို့ကလည်း နောက်ဆုံးပွဲမှာ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ချယ်ဆီး အနေနဲ့ကတော့ ဝုဗ်ကို ရင်ဆိုင်ရမှာ ဖြစ်ပြီး သရေ တစ်မှတ် ရရင် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် သေချာမယ့် အခြေအနေ ကောင်း ရှိထားပါတယ်။

ဒီပွဲစဉ် အတွက် နာမည်ကျော် သုံးသပ်သူတွေရဲ့ ခန့်မှန်းမှုတွေ အသီးသီး ထွက်ရှိပြီး ဖြစ်တဲ့ အပြင် ယူနိုက်တက် တိုက်စစ်မှူးဟောင်းကြီး ဘာဘာတော့ဗ်ကလည်း သုံးသပ်မှုတွေ ပြုလုပ်ထားပါတယ်။ ဘာဘာတော့ဗ်ကတော့ ချယ်ဆီးဟာ နောက်ဆုံးပွဲမှာ ဝုဗ်ကို အနိုင်မယူနိုင်ဘူးလို့ ယူဆထားပါတယ်။

” ဒီပွဲက ချယ်ဆီး အတွက် ပွဲကြီးပွဲကောင်းပါ။ သူတို့လည်း ဒီအခွင့်အရေးကို လွဲချော်ခံမှာ မဟုတ်ဘူး။ ဒီပွဲက နှစ်သင်းလုံး အတွက် ခက်ခဲတဲ့ ပွဲ ဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓဟူးနေ့က ပွဲ ရလဒ် ဘယ်လိုရှိခဲ့ပါစေ ချယ်ဆီးကတော့ ယုံကြည်မှု အပြည့် ရှိနေဦးမှာပါ။ ဝုဗ်ကလည်း ဘောလုံးရာသီကို အဆင့် အနေအထား မြင့်နိုင်သမျှ မြင့်မြင့် သိမ်းချင်မှာ ဖြစ်ပြီး ယူရိုပါလိဂ် အတွက် အဆင့် ၅ အထိ ရောက်နိုင်ရင် အောင်မြင်မှုကောင်းလည်း ဖြစ်မှာပါ။ ဒီပွဲကတော့ လုံး၀ စိတ်လှုပ်ရှားစရာ ရသအပြည့် ဖြစ်ပါလိမ့်မယ်။ ” လို့ ၎င်းက ဆိုထားပါတယ်။

ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၃-၃ ဝုဗ်ပဲ ဖြစ်ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ရဲ႕ ေနာက္ဆံုးပြဲစဥ္ေတြကိုေတာ့ ဒီည တနဂၤေႏြေန႔ည ျမန္မာစံေတာ္ခ်ိန္ ၉း၃၀ နာရီ အခ်ိန္မွာ တျပိဳင္နက္ ယွဥ္ျပိဳင္ ၾကေတာ့မွာ ျဖစ္ျပီး ခ်န္ပီယံ ထြက္ေပၚျပီး ျဖစ္တဲ့ ျပိဳင္ပြဲဆိုေပမယ့္ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ အဆင့္ ၃၊ ၄ နွစ္ေနရာ အဆံုးအျဖတ္ မထြက္ေပၚေသးတာေၾကာင့္ ရင္ခုန္စရာေတြ ရွိေနပါေသးတယ္။

လက္ရွိ အမွတ္ေပးဇယားမွာ ယူနုိက္တက္၊ ခ်ယ္ဆီးနဲ႕ လက္စတာတို႔က အဆင့္ ၂၊ ၄၊ ၅ မွာ အမွတ္မကြာလွဘဲ ရပ္တည္ေနတဲ့ အျပင္ ယူနိုက္တက္ လက္စတာတို႔ကလည္း ေနာက္ဆံုးပြဲမွာ ထိပ္တိုက္ေတြ႔ဆံုေနပါတယ္။ ခ်ယ္ဆီး အေနနဲ႕ကေတာ့ ၀ုဗ္ကို ရင္ဆိုင္ရမွာ ျဖစ္ျပီး သေရ တစ္မွတ္ ရရင္ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ေသခ်ာမယ့္ အေျခအေန ေကာင္း ရွိထားပါတယ္။

ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ သံုးသပ္သူေတြရဲ႕ ခန္႔မွန္းမႈေတြ အသီးသီး ထြက္ရွိျပီး ျဖစ္တဲ့ အျပင္ ယူနိုက္တက္ တိုက္စစ္မွူးေဟာင္းၾကီး ဘာဘာေတာ့ဗ္ကလည္း သံုးသပ္မႈေတြ ျပဳလုပ္ထားပါတယ္။ ဘာဘာေတာ့ဗ္ကေတာ့ ခ်ယ္ဆီးဟာ ေနာက္ဆံုးပြဲမွာ ၀ုဗ္ကို အနုိင္မယူနုိင္ဘူးလို႔ ယူဆထားပါတယ္။

” ဒီပြဲက ခ်ယ္ဆီး အတြက္ ပြဲၾကီးပြဲေကာင္းပါ။ သူတို႔လည္း ဒီအခြင့္အေရးကို လြဲေခ်ာ္ခံမွာ မဟုတ္ဘူး။ ဒီပြဲက နွစ္သင္းလံုး အတြက္ ခက္ခဲတဲ့ ပြဲ ျဖစ္ပါလိမ့္မယ္။ ဗုဒၶဟူးေန႔က ပြဲ ရလဒ္ ဘယ္လိုရွိခဲ့ပါေစ ခ်ယ္ဆီးကေတာ့ ယံုၾကည္မႈ အျပည့္ ရွိေနဦးမွာပါ။ ၀ုဗ္ကလည္း ေဘာလံုးရာသီကို အဆင့္ အေနအထား ျမင့္နိုင္သမွ် ျမင့္ျမင့္ သိမ္းခ်င္မွာ ျဖစ္ျပီး ယူရိုပါလိဂ္ အတြက္ အဆင့္ ၅ အထိ ေရာက္နုိင္ရင္ ေအာင္ျမင္မႈေကာင္းလည္း ျဖစ္မွာပါ။ ဒီပြဲကေတာ့ လံုး၀ စိတ္လႈပ္ရွားစရာ ရသအျပည့္ ျဖစ္ပါလိမ့္မယ္။ ” လို႔ ၄င္းက ဆိုထားပါတယ္။

ဘာဘာေတာ့ဗ္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ခ်ယ္ဆီး ၃-၃ ၀ုဗ္ပဲ ျဖစ္ပါတယ္။