အာဆင်နယ်နဲ့ ချယ်ဆီး ဂိုးသမားဟောင်းကြီး ပီတာချက်ဟာ ပရီးမီးယားလိဂ် ဂန္တဝင်ကြီးတွေကို ထည့်သွင်း မှတ်တမ်း တင်တဲ့ Premier League Hall of Fame မှာ ထည့်သွင်းဖို့ ရွေးချယ်ခံလိုက်ရပါတယ်။
မာတင် အိုဒီဂတ်ဟာ ချယ်ဆီးနဲ့ ပွဲမှာ ဂိုးသွင်းပြီးနောက် ဒီရာသီ အာဆင်နယ် အတွက် သွင်းဂိုး ၁၄ ဂိုး ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းမှာ ဘယ် အာဆင်နယ် ကစားသမားကမှ အိုဒီဂတ်လို ကစားကွက်ကနေ ၁၄ ဂိုးထိ ရယူနိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။
ဘရိုက်တန် အသင်းဟာ လာမယ့်နွေမှာ အာဆင်နယ် ကစားသမား ရေးစ် နယ်ဆန် ကို အလွတ်နဲ့ ခေါ်ယူဖို့ အတော် စိတ်အားထက်သန်နေတယ် လို့ ဒေးလီးမေးလ် သတင်းက ဖော်ပြလာပါတယ်။ နယ်ဆန်က စာချုပ်ကုန်တော့မှာ ဖြစ်ပေမယ့် အာဆင်နယ်ရဲ့ သက်တမ်းတိုး ကမ်းလှမ်းမှုကို လက်မခံသေးပါဘူး။
အာဆင်နယ် ကစားသမား ရှာကာ က ချယ်ဆီးနဲ့ ပွဲမှာ ပြိုင်ဘက်က ဂိုးသမား ကီပါက သူ ဂိုးသွင်းနိုင်မယ့် အခွင့်အရေး ၂ကြိမ် ၃ကြိမ်လောက်ကို တားဆီး ကာကွယ်သွားခဲ့တယ် လို့ ချီးကျူးစကား ဆိုခဲ့ပါတယ်။
လန်ဒန် ဒါဘီပွဲမှာ ချယ်ဆီး ကစားသမား မူဒရစ်ရဲ့ မျက်နှာကို လေဆာမီးနဲ့ ထိုးခဲ့တဲ့ အာဆင်နယ် ပရိသတ်ဟာ ပွဲအပြီး အဖမ်းခံခဲ့ရတယ် လို့ သိရပါတယ်။
