အာဆင်နယ် အသင်းဟာ ဇူလိုင် ၂၆ ရက်နေ့မှာ လာလီဂါအင်အားကြီးကလပ် ဘာစီလိုနာနဲ့ ရာသီကြို ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမှာ ဖြစ်ကြောင်း အတည်ပြု ကြေငြာသွားခဲ့ပါတယ်။ ပွဲကတော့ အမေရိကန် နိုင်ငံ လော့စ် အင်ဂျလိစ်မှာ ကစားမှာပါ။
ပီအက်စ်ဂျီ အသင်းဟာ ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ဖာလန်မန်ဒီကို ခေါ်ယူဖို့ ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းခဲ့ပါယ်။ ဒါပေမယ့် ဥက္ကဌ ပီရက်ဇ်က ယူရို ၄၅သန်းရမှသာ ၎င်းကို လက်လွှတ်ပေးမှာပါ။
အာဆင်နယ် က လိုက်ပ်ဇစ် နောက်ခံလူ မိုဟာမက် ဆီမာကန် ကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ထားကြောင်း သိရပါတယ်။
ချယ်ဆီး နည်းပြသစ် ဖြစ်လာဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်တဲ့ ပိုချက်တီနိုက နွေကျရင် ဦးစားပေး တိုက်စစ်မှုး ပစ်မှတ် အဖြစ် အင်တာမီလန်မှ မာတီနက်ဇ် ကို ပစ်မှတ်ထားနေပါတယ်။
သီယာဂိုဆေးဗားအနေနဲ့ ဘရာဇီးကို ပြန်ချင်တယ်ဆိုရင် ချယ်ဆီးက ဒီနွေရာသီမှာ သူ့ကို ထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိနေပါတယ်။
ဇယားအလယ်က အသင်းတစ်သင်းအတွက် ဂိုး၂၀နဲ့အထက် အာမခံပေးနိုင်တဲ့ အိုင်ဗန်တိုနေးလို တိုက်စစ်မှူးမျိုးဟာ ပေါင် သန်း ၁၀၀ တန်တယ်လို့ ဆောက်သမ်တန်နည်းပြ သောမတ်ဖရန့်က ပြောလိုက်ပါတယ်။
ရိုင်ယန်မေဆန်ဟာ စပါးရဲ့ အမြဲတမ်းနည်းပြဖြစ်ခွင့်ရချင်နေပြီး သူ့ကိုယ်သူ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။
ဒီမာရီယာဟာ ဂျူဗင်တပ်မှာ နောက်တစ်နှစ် ဆက်နေဖို့ တံခါးဖွင့်ထားပြီး စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပါတယ်။ တူရင်မှာ ဒီမာရီယာအတွက် ခက်ခဲတဲ့ ရာသီအစကို ကြုံခဲ့ရပေမယ့် နောက်နှစ်မှာ စီးရီးအေဖလား အောင်မြင်ဖို့ မျှော်လင့်နေတာပါ။
